လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ သမီးရည်းစားဘဝတုန်းက ချစ်လှပါပြီ ၊ ကြိုက်လှပါပြီဆိုတဲ့အမျိုးသားတွေက တကယ့်တကယ်တန်း လက်ထပ်ပြီးသွားတဲ့အခါမှာ ဇနီးမယားတွေကို အကြောင်းအမျိုးနဲ့ နှိပ်စက်နေပုံတွေကို တွေ့မြင်နေရပါတယ်။

သမီးရည်းစားဘဝတုန်းမှာတော့ အရာရာအလိုလိုက် အကြိုက်ဆောင်ပြီး ယူပြီးမှာ ပြောင်းလဲသွားတတ်တဲ့ လင်ယောင်္ကျားတချို့ကြောင့်လည်း ဇနီးမယားတွေဟာ ဒူးရဲ့မျက်ရည်သုတ်ပြီး ဒုက္ခတွေခံစားနေကြရတာကလည်း ပရိသတ်တွေရဲ့ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရမယ်လို့ ထင်ပါတယ်။

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း လက်ထပ်ပြီး လပိုင်းအနည်းငယ်အကြာမှာ လင်ယောင်္ကျားရဲ့ အက်စစ်နဲ့တိုက်ခိုက်မှုကြောင့် မရှုမလှဝေဒနာတွေ ခံစားခဲ့ရတဲ့ အမျိုးသမီးလေးတစ်ဦးရဲ့ ပုံရိပ်တွေမှာ လူအများကြားမှာ ဝေမျှစရာတစ်ခုဖြစ်နေတာတွေ့ရပါတယ်။

၎င်းပုံရိပ်လေးတွေထဲမှာဆိုရင်လည်း အမျိုးသမီးလေးရဲ့ မျက်နှာမှာ ချုပ်ရိုးကြောင်းကြီးတွေ အထင်းသားပေါ်လွင်နေပြီး အက်စစ်နဲ့ တိုက်ခိုက်ခံထားရတာကြောင့် နဂိုလှပတဲ့ ရုပ်ရည်လေးကနေ ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်နေတာတွေ့ရပါတယ်။

ဒါ့အပြင် သူမရဲ့ ခြေထောက်တွေ လက်တွေမှာဆိုရင်လည်း အက်စစ်နဲ့တိုက်ခိုက်ခံထားရမှုတွေကြောင့် ကြောက်စရာကောင်းတဲ့ ဒဏ်ရာအနာတရတွေ များစွာဖြစ်ပေါ်နေတာကြီးက ကြည့်နေရတာနဲ့တင် အသည်းယားစရာကောင်းလှပါတယ်။

ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီး လက်ထပ်ပြီးကာမှ အခုလို ရက်ရက်စက်စက် အက်စစ်နဲ့တိုက်ခိုက်တာမျိုးက အင်မတန် စက်စုပ်စရာကောင်းလှပါတယ်။

Photo Credit _ Muntinlupa Chixx and Pogi Spotted

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။