တိုးတတ်ပြောင်းလဲမှုများစွာပြုလုပ်နေတဲ့ ပြည်တွင်း ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပရိသတ်တွေနေထိုင်ရာမြို့တွေမှာလည်း အမြဲလိုလိုကြားသိကြမယ်ထင်ပါတယ်။ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ပြည်တွင်းပညာရေးနဲ့ပတ်သက်ပြီး ကျေးလက်မြို့ရွာတွေမှာသာမက တချို့ဒေသတွေမှာလည်း အောင်မြင်မှုအခမ်းအနားပွဲတွေကိုလည်း အမျိုးမျိုးပြုလုပ်ကြတာတွေ့ရပါတယ်။  

အဆိုပါ မြို့တွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့လည်းတစ်ခုအပါအဝင်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် မနေ့က နံနက်ပိုင်းတွင် မြန်အောင်မြို့ အ.ထ.က(၁) ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါဖွင့်ပွဲအခမ်းအနားကို ကျောင်းသား/ ကျောင်းသူ များက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဟင်္သာတခရိုင် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရပါတယ်။ ထို့နောက် မြန်အောင်မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် သင်ကြားရေးနှင့် ပတ်သက်၍ စနစ်သစ် ပညာရေးအကြောင်း ရှင်းလင်းပြောကြားပြီး အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့အတွက် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။