မြန်မာ့ကိုယ်စားပြုဖိုက်တာတွေထဲမှာ မြန်မာ့လက်ဝှေ့နဲ့ One Chempionship (MMA) နာမည်ကြီး ဖိုက်တာတစ်ဦးဖြစ်တဲ့ ဖိုးသော်ကလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းနှင့်အတူ ပြည်တွင်းလက်ဝှေ့နာမည်အကျော်အမော်တွေနဲ့လည်း ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ လက်ဝှေ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြည်ပနိုင်ငံမှာ ဖိုက်တာများစွာကို အလဲထိုးထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်တွင်း မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာများစွာရဲ့ ပညာတွေကိုပါ လေ့လာသင်ယူခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။     

ဖိုးသော်ကတော့ လက်ရှိပြည်ပနိုင်ငံတွေမှာ သွားရောက်လေ့ကျင့်မှုတွေပြုလုပ်လျှက်ရှိပြီး နိုင်ငံတကာအတွေ့အကြုံတွေကို ဖန်တီးလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီက ဖိုးသော်ကတော့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ Boston က Cidatel Mix Martial Arts and Fitness gym ကိုသွားရောက်လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ပြည်ပ training တွေနဲ့ ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ MMA လောကမှာ အချိန်အတော်ကြာဖြတ်သန်းခဲ့တဲ့ ဖိုးသော်ကတော့ သူ့ရဲ့ အကောင်းဆုံးပွဲတွေကို ပြန်လည်လေ့လာလျှက်ရှိတာတွေ့ရပါတယ်။  

မကြာသေးမီကလည်း One Championship ပြိုင်ပွဲမှာထိုးသတ်ခဲ့တဲ့ ဖိုးသော်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲကို ပြန်လည်ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲကတော့ အတိတ်ကပွဲဟောင်းတစ်ပွဲဖြစ်ပေမယ့် အမိုက်စားတိုက်ကွက်တွေနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ဖိုးသော်ရဲ့ အင်အားကိုတော့ တွေ့ရမှာပဲဖြစ်ပါတယ်။ ပရိသတ်တွေကျေနပ်ရလောက်အောင် လုပ်ဆောင်ပြသနိုင်ခဲ့တဲ့ ဖိုးသော်ရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

vide0 - One Championship  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။