တိုးတတ်ပြောင်းလဲမှုများစွာပြုလုပ်နေတဲ့ ပြည်တွင်း ပညာရေးစနစ်နဲ့ပတ်သက်ပြီး ပရိသတ်တွေနေထိုင်ရာမြို့တွေမှာလည်း အမြဲလိုလိုကြားသိကြမယ်ထင်ပါတယ်။ 

ဆိုပါ ပညာရေးပြောင်းလဲမှုတွေကြောင့် အချို့ဆင်းရဲသားပြည်သူတွေရဲ့ မျိုးဆက်သစ်လေးတွေလည်း ပညာသင်ကြားနိုင်ကြပြီလည်းဖြစ်ပါတယ်။  

ပညာရေးနဲ့ပတ်သက်ပြီး ချို့တဲ့ကလေးငယ်များကို ကူညီထောက်ပံ့မှုတွေ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ဒီကနေ့ မေလ ၃၀ ရက်နေ့မှာလည်း အမြန်လမ်းမကြီးပေါ်ရှိ တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ မိသားစုတွေထဲက ပညာသင်အရွယ်ကလေးငယ်များအတွက်ထောက်ပံ့မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လုပ်ဆောင်မှုကတော့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့တွင်. တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင် မိသားစု များ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာသင်အရွယ် မှီခို ကျောင်းသူ ကျောင်းသား.(၁၈၈)ဦးအတွက် လိုအပ်သော စာရေးကရိယာများဖြစ်သည့် စာအုပ်/ဘောပင်/ခဲတန်/ခဲဖျက်/ပေတံ/ ကွန်ပါဘူး များ ထောက်ပံ့ ပေးအပ်ပွဲကို ၂၀၁၉ ခုနစ် မေလ(၃၀)ရက်နေ့ နေ့လည်(၁၂၀၀) နာရီချိန်တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

ပညာသင်အရွယ် ကျောင်းသူကျောင်းသား များအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးနှင့်အတူ မန္တလာမင်း ယာဉ်လိုင်း ရွှေစင်စြင်္ကာ ယာဉ်လိုင်းနှင့် High class ယာဉ်လိုင်းမှ တာဝန်ရှိသူများကပူးပေါင်း ပါဝင် လှူဒါန်း ပေးခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံဝန်ထမ်းအချို့ရဲ့ နောက်ခံမိသားစုတွေကို ထောက်ပံမှုပြုလုပ်ခဲ့တဲ့ အဆိုပါ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

source - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။