ဂျူဗင်တပ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုကတော့ဂျော်ရီနာနဲ့တူတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။သူတို့မိသားစုလေးကလည်းပရိသတ်တွေအားကျရတဲ့မိသားစုဘဝလေးပဲဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီးအကောင်းဆုံးခြေစွမ်းတွေနဲ့အသင်းတိုင်းကိုအောင်မြင်မှုတွေယူပေးနိုင်တာကြောင့်ပရိသတ်အချစ်တော်လည်းဖြစ်ပါတယ်။

သူအသက်တွေကြီးလာပေမယ့်ခုချိန်ထိတိုင်အောင်ခြေစွမ်းတွေပြနိုင်တာကသူကိုနောက်ကွယ်ကနေထောက်ပံ့နေသူရှိပါတယ်။သူမကတော့သူချစ်ရတဲ့ဇနီးလေးဂျော်ရီနာပဲဖြစ်ပါတယ်။ရော်နယ်ဒိုကိုပွဲတိုင်းမှာနောက်ကနေခွန်အားတွေပေးရင်းနဲ့အမြဲဒိုလေးဘက်ကရပ်တည်နေတဲ့ဇနီးကောင်းတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ရော်နယ်ဒိုကိုနောက်ကွယ်ကနေအောင်မြင်အောင်ပံ့ပို့ပေးနိုင်ရုံသာမကရော်နယ်ဒိုသူ့အနားကခွာမသွားစေတဲ့အလှတရားတွေကိုလည်းပိုင်ဆိုင်ထားတာပါ။သူမရဲ့အလှတွေကတော့ဒိုလေးကိုတောင်ခိုးပြီးဓာတ်ပုံရိုက်ရတဲ့အလှတွေဖြစ်ပါတယ်။အလှတွေအပြည့်ပိုင်ဆိုင်ထားရုံသာမကနောက်ကွယ်ကနေပါအောင်မြင်အောင်ပံ့ပို့နိုင်တဲ့ဂျော်ရီနာရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

photo:georginagio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။