၂၀၁၈ ခုနှစ် မိုးရေတိုက်စားမှုကြောင့်ပျက်စီးသွားခဲ့တဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်က ဆွာချောင်းတံတားဖြစ်စဉ်ကိုတော့ ပရိသတ်တွေလည်း မှတ်မိနေအုန်းမယ်ထင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တာဖြစ်ပြိး ရေတိုက်စားမှုကြောင့် တံတားနိမ့်ကျပျက်စီးရုံသာမက ကျေးရွာအချို့ကိုလည်း ရေလွှမ်းမိုးစေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဆွာချောင်းတံတား ဖြစ်ပွားမှုကြောင့် ယာယီတံတားတစ်စင်းထပ်မံတည်ဆောက်ခဲ့ရပြီး လက်ရှိအထိအသုံးပြုလျှက်ရှိတာတွေ့ရပါတယ်။ ၎င်းဆွာချောင်းတံတားကို ပြင်ဆင်မွန်းမံမှုတွေပြုလုပ်ခဲ့ပြီး တံတားကြံ့ခိုင်ရေးနှင့် ပြုြပ်ငတည်ဆောက်ရေးလုပ်ငန်းတွေကို မေလ ၂၇ရက်နေ့က အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ဆွာချောင်းတံတားကို မေလ ၂၈ရက်နေ့ နံနက် ၆ နာရီက ယခင်အတိုင်းပြန်လည်အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရပါတယ်။ ရေတိုက်စားမှုကြောင့် ဖြစ်ပွားခဲ့တဲ့ တံတားပုံရိပ်အချို့နဲ့အတူ လက်ရှိ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေကြည့်ရှု့နိုင်ဖို့ မျှဝေရင်း ယုံယုံကြည်ကြည်ဖြတ်သွားနိုင်ပြီဖြစ်ကြောင်း မျှဝေပေးလိုက်ပါတယ်။

SOURCE - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။