ကမ္ဘာ၏ အနာဂါတ်ဟာ နေနှင့် တိုက်ရိုက် သက်ဆိုင်လျက်ရှိပြီး နောင်နှစ်ပေါင်း ၁.၁ ဘီလီယံကြာတဲ့အခါ နေ၏ တောက်ပမှုဟာ ယခုလက်ရှိထက် ၁၀ ရာခိုင်နှုန်း၊ နှစ်ပေါင်း ၃.၅ ကြာပါက ၄၀ ရာခိုင်နှုန်းသို့ တိုးလာမည်ဖြစ်ပါတယ်။ ကမ္ဘာ့မျက်နှာပြင် အပူချိန် တိုးပွားလာပြီး အင်အော်ဂဲနစ် ကာဗွန်သံသရာကို အရှိန်တင်စေကာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုစနစ်ကို လျှော့ကျစေမှာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာပီဆိုရင် နှစ်ပေါင်း ၅၀၀ မှ ၉၀၀ မီလီယံအတွင်း အပင်များအတွက် ဖိုတိုဆင်သစ်ဆစ်နည်းဖြင့် အစာချက်လုပ်ရန် မဖြစ်နိုင်တော့ပါဘူး။ အပင်များ နည်းပါးလာပြီး လေထုရှိ အောက်ဆီဂျင် ပမာဏလည်း နည်းပါးသွားမှာပဲ ဖြစ်ပါတယ်။ 

နောက်ထပ် ၁ ဘီလီယံနှစ်ကြာတဲ့အခါ မြေမျက်နှာပြင်ရှိ ရေအားလုံး ပျောက်ကွယ်သွားပြီး ကမ္ဘာလုံးဆိုင်ရာ အပူချိန်ဟာ ၇၀ °C (၁၅၈ °F) သို့ ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ အာ့အချိန်ကစပြီး ကမ္ဘာတွင် နှစ်ပေါင်း ၅၀၀ မီလီယံခန့် သက်ရှိများ ရှင်သန်နိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ကယ်လို့သာ လေထုမှ နိုက်ထရိုဂျင်အား ဖယ်ထုတ်လိုက်ပါက ၂.၃ ဘီလီယံနှစ်ခန့် သက်ရှိများ နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်။   

ကမ္ဘာ၏ ကံကြမ္မာသည် မသေချာတော့ပဲ ဧရာမ ကြယ်နီတစ်စင်းအနေဖြင့် နေဟာ သူ့ရဲ့ထုထည် ပမာဏ ၃၀ ရာခိုင်နှုန်းအား ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး ဒီရေအကျိုးသက်ရောက်မှု (tidal effect) မရှိသောကြောင့် ကမ္ဘာပတ်လမ်းသည် နေမှ ၁.၇ AU အကွာသို့ ရွေ့သွားမှာပဲ ဖြစ်ပါတယ်။ နေ၏တောက်ပမှုသည် ယခုထက် အဆပေါင်း ၅၀၀ ပိုမိုတောက်ပလာမည်ဖြစ်ကာ ကမ္ဘာပေါ်ရှိ သက်ရှိများ အကုန်လုံး မဟုတ်သော်မှ အတော်များများကို လွန်ကဲသောအပူချိန်က ပျက်စီးစေမှာပဲ ဖြစ်ပါတယ်။  

Source : wikipedia 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။