လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံနဲ့အတူ လမ်းတံတားသစ်ပင်များပြိုကျပျက်စီးမှုကတော့ မရေမတွက်နိုင်အောင်ရှိခဲ့ပါတယ်။ လက်ရှိ မိုးရာသီကိုရောက်ရှိနေတာဖြစ်သလို မကြာခဏလည်း လေပြင်းတိုက်ခတ်မှုရှိနေတာတွေ့ရပါတယ်။ မေလ ၂၉ရက်နေ့ မနေကညနေ(၃)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုပြင်းထန်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါလေပြင်းတိုက်ခတ်မှုကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ အမှတ်(၁၆)ရပ်ကွက်တွင် လူနေအိမ် (၁)လုံး၊ အမှတ် (၁၂)ရပ်ကွက် တာကြီးတန်းရှိ လူနေအိမ် (၁)လုံး၊ နှဲကြိုးကျေးရွာအုပ်စု၊ နှဲကြိုးကျေးရွာတွင် လူနေအိမ် (၁)လုံး၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာတွင် လူနေအိမ်(၅)လုံး၊ ပိုင်စွန်နန် ကျေးရွာအုပ်စု၊ ပိုင်စွန်နန်ကျေးရွာတွင် လူနေအိမ် (၁)လုံး၊ ကျောင်းစုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင် လူနေအိမ် (၁)လုံး၊ တော်ကွဲကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာတွင် လူနေအိမ် (၁)လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် ထီကွေ့ကျေးရွာအုပ်စု၊ ထီကွေ့ကျေးရွာတွင် လူနေအိမ် (၂)လုံး၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ကင်ပွန်းချောင်းကျေးရွာတွင် လူနေအိမ် (၄)လုံး အမိုးလန် ပြိုကျပျက်စီးခဲ့ပါတယ်။ 

အလားတူ ညနေ (၄)နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ပြင်ကျေးရွာအုပ်စု၊ ကံမနိုင်ကျေးရွာတွင် လူနေအိမ် ၂ လုံး၊ ညပိုင်းတွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် အနောက်ကံတွင်းကျေးရွာတွင် လူနေအိမ်(၁၇)လုံး၊ ကြက်သွန်ဂိုဒေါင်(၃)လုံး၊ အနောက်ကံတွင်း(အ.မ.က) ကျောင်းမှ ဆရာမနေအိမ် (၁)လုံးတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဆိုပါလေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကနဦးသတင်းများအရ သိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။