ပရဟိတမင်‌းသားကြီးကို‌ကျော်‌သူကဒီနှစ်‌သင်္ကြန်‌မှာ

ပြည်‌သူ‌တွေကိုသံချပ်‌‌တွေနဲ့‌ဖျော်‌‌ဖြေဖို့``ချိပ်‌´´ဆိုတဲ့သံချပ်‌အဖွဲ့ကိုဖွဲ့စည်‌းခဲ့ပါတယ်‌။

``ချိပ်‌´´အဖွဲ့ကိုစက်‌စက်‌ယို‌ကျေးရွာမှဆံရစ်‌ဝိုင်‌း

က‌လေးငယ်‌‌တွေအဓိကပါဝင်‌ဖွဲ့စည်‌းထားတာပါ။


‌``ချိပ်´´အဖွဲ့ဟာမန္တလေးမြို့တော်ဝန်မဏ္ဍပ်ရဲ့သံချပ်ပြိုင်ပွဲကိုလည်း

‌ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။အစကပြိုင်ပွဲဝင်ဖို့အစီအစဉ်မရှိသော်လည်းဖုန်းအကြိမ်ကြိမ်ဆက်ပြီးပြိုင်ပွဲဝင်ဖို့ကမ်းလှမ်းတာကြောင့်ပြိုင်ပွဲဝင်ဖြစ်ခဲ့တာလို့

‌ကိုကျော်သူကပြောပါတယ်။ဒါပေမယ့်တကယ်တမ်းကျတော့

‌စက်စက်ယိုရွာကကလေးတွေဖျော်ဖြေခွင့်မရခဲ့ပါဘူး။

‌ဆံရစ်ဝိုင်းလေးတို့ဟာပြိုင်ပွဲဝင်ဖို့ ညနေ၆:၃၀အချိန်လောက်ကတည်းကရောက်နေပေမယ့်ည ၁၁နာရီထိုးတဲ့အထိပြုင်ပွဲဝင်ခွင့်မရသေးပါဘူး။ဆံရစ်ဝိုင်းကလေးတွေအနေနဲ့အလှည့်ကျမယ့်အချိန်ကိုစောင့်ရတာဘယ်လိုမှတောင့်ခံမထားနိုင်တော့လို့ တည်းခိုရာဘုန်းကြီးကျောင်းကိုပြန်လာရတော့တယ်လို့ကိုကျော်သူကပြောပြပါတယ်။မီးမရသေးတဲ့စက်စက်ယိုကျေးရွာကမိမိတို့သားသမီးလေးတွေပြိုင်ပွဲဝင်မှာကိုမီးစက်တွေနိုးပြီးစောင့်နေကြတဲ့စက်စက်ယိုရွာသားတွေအတွက်လည်းဒီအဖြစ်အပျက်ဟာစိတ်ပျက်စရာပါ

Source-kyawthu fb

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။