ရာသီသစ်အတွက်ပြင်ဆင်မှုတွေများစွာလုပ်နေတဲ့အီတလီထိပ်သီးအင်တာမီလန်အသင်းဟာချန်ပီယံလိဒ်ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူတို့နည်းပြနေရာမှာတော့ချယ်လ်ဆီးနည်းပြဟောင်းကွန်တီနဲ့အစားထိုးခန့်အပ်လိုက်ပြီဖြစ်ပါတယ်။အင်တာအသင်းဟာအသင်းကိုအောင်မြင်မှုတွေပြန်ရလာအောင်ကစားသမားအသစ်တွေခေါ်ယူပြီးပြင်ဆင်နေတာဖြစ်ပြီးခုမှာလည်းနည်းပြကောင်းတစ်ယောက်ကိုခေါ်ယူနိုင်ခဲ့တာပါ။

ကွန်တီကတော့နည်းပြကောင်းတစ်ဦးဖြစ်ပြီးသူကိုင်တွယ်ဘူးတဲ့အသင်းတိုင်းကိုအောင်မြင်မှုတွေယူပေးနိုင်တာဖြစ်ပါတယ်။ခုမှာတော့နည်းပြကွန်တီအနေနဲ့အင်တာအသင်းကိုအောင်မြင်မှုတွေယူပေးနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်။သူကတော့အီတလီဘောလုံးလောကနဲ့မဝေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကိုလည်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့ပြီးခုမှာတော့အသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။အီတလီအသင်းတွေအကြောင်းကိုသိနေပြီးဖြစ်တဲ့ကွန်တီအနေနဲ့တော့ခုအင်တာမီလန်အသင်းကိုလည်းအောင်မြင်မှုတွေပြန်ယူနိုင်ပေးဖို့ပရိသတ်တွေကမျှော်လင့်နေကြတာပါ။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့အင်တာမီလန်အသင်းကိုဘယ်လိုအောင်မြင်မှုတွေယူပေးနိုင်မလဲဆိုတာကတော့လာမယ့်ဘောလုံးရာသီအသစ်မှာစောင့်မျှော်အားပေးကြဖို့တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Intre

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။