ချယ်လ်ဆီးအသင်းကတော့ဒီနှစ်မှာယူရိုပါလိဒ်ဖလားကြီးကိုသိမ်းပိုက်ပြီးအောင်မြင်မှုတွေတစ်ရာသီပြီးဆုံးခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာအမှတ်ပေးပြိုင်ပွဲမှာရလဒ်တွေကောင်းလေ့မရှိပေမယ့်ယူရိုပါလိဒ်ပြိုင်ပွဲမှာတော့ရလဒ်ကောင်းတွေနဲ့အနိုင်ယူပြီးနောက်ဆုံးဖိုင်နယ်မှာတောင်လန်ဒန်ကလပ်အာဆင်နယ်အသင်းကိုဂိုးပြတ်အနိုင်ယူပြီးဆုဖလားသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီနောက်ဆုံးဗိုလ်လုပွဲမှာတော့ချယ်လ်ဆီးအသင်းကနေရီးရဲအသင်းကိုမကြာခင်ပြောင်းရွေ့တော့မယ့်ဟာဇက်ကအသင်းအတွက်၂ဂိုးခြေစွမ်းပြသွင်းယူခဲ့ပြီးပရိသတ်တွေကိုပျော်ရွှင်အောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီပွဲအပြီးမှာတော့ချယ်လ်ဆီးအသင်းဟာအောင်ပွဲတွေခံခဲ့ပြီးသူတို့အောင်ပွဲခံအပျော်တွေကလည်းပရိသတ်တွေပါကြည့်နေရင်းပျော်စေတာပါ။

အသင်းသားတွေစုပြီးအောင်ပွဲခံတဲ့ညလေးမှာတော့ချယ်လ်ဆီးအသင်းရဲ့အချစ်တော်ဟာဇက်ကတော့တစ်ခြားမတူတဲ့ကကွက်တွေနဲ့ပျော်နေတာပါ။အသင်းပြောင်းရတော့မှာဖြစ်ပေမယ့်နောက်ဆုံးအချိန်လေးမှာအသင်းသားတွေနဲ့ပျော်ရွှင်စွာကခုန်နေကြတဲ့ဟာဇက်ရဲ့ video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

SOURCE:Football Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။