ရတနာပုံအက်ဖ်စီ ဘောလုံးအသင်းဟာ ၂၀၁၉ ဒုတိယအကျော့ ပွဲစဉ်များအတွက် ပြင်ဆင်မှုတစ်ရပ်အဖြစ် ဧရာဝတီအသင်း ကွင်းလယ်ကစားသမား ဝင်းဌေးကျော်အား ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ ဝင်းဌေးကျော်ဟာ ရတနာပုံ အသင်း၏ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ကာ ဆောက်သမ်းမြန်မာ၊ ဧရာဝတီ အသင်းများသို့ ပြောင်းရွေ့ကစားဖူးပြီး ယခုအခါ ရတနာပုံ အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်။  

ရတနာပုံအသင်းသို့ ပြောင်းရွေ့လာခြင်းနှင့်ပတ်သတ်၍ " ကျနော့် မိခင်ကလပ် ကို အခုလို ပြန်လည်ပြောင်းရွေ့ခွင့်ရတာ ဝမ်းသာပါတယ်။ ကျနော့် ကစားသမားဘဝကို စတင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဒီအသင်းအတွက် ကျနော် စိတ်ထဲ ခန္ဓာကိုယ်ထဲကနေ အစွမ်းကုန် ကြိုးစားသွားမှာပါ။ အသင်းအတွက် တာဝန်ကျေတာထက် ပိုချင်ပါတယ်။" လို့ ဝင်းဌေးကျော်က ပြောကြားခဲ့ပါတယ်။  

ရတနာပုံအသင်းဟာ ယခုအခါ ဒုတိယအကျော့အတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ် ။ ၁၅ရက် ၆လ ၂၀၁၉ တွင် ရတနာပုံအသင်းဟာ ဟံသာဝတီ ယူနိုက်တက် အသင်းအား အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

source: Yadanarbon Football Club 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။