လောလုံးအားကစားနည်းကတော့ကမ္ဘာတစ်ဝှမ်းပရိသတ်အားပေးမှုအပြည့်ရထားတဲ့ကစားနည်းဖြစ်တာကြောင့်ပွဲစဉ်တိုင်းဟာပရိသတ်အပြည့်နဲ့ပြိုင်ဆိုင်မှုပြင်းထန်နေတာဖြစ်ပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်အသင်းတိုင်းဟာပရိသတ်တွေပျော်စေဖို့နဲ့အသင်းအောင်မြင်မှုတွေရရှိဖို့အားကြိုးမာန်တက်ကစားရင်းထိခိုက်မှုတွေရှိသလိုအခန့်မသင့်လို့အသက်ဆုံးရှုံးမှုတွေပါကြုံရပါတယ်။

ဘောလုံးကစားရင်းအသက်ပေးခဲ့ရတဲ့ကစားသမားတွေများစွာရှိခဲ့ပါတယ်။သူတို့တွေထဲမှာနာမည်ကျော်ကစားသမားတော်တော်များများလည်းပါခဲ့ပါတယ်။သူတို့ဟာမိမိအသက်ကိုတောင်ဂရုမစိုက်နိုင်ပဲအသင်းအပေါ်သာနိုင်လိုစိတ်နဲ့ကစားတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။မကြာသေးခင်ကလည်းနာမည်ကျော်ဂိုးသမားကြီးကာဆီးလက်စ်တောင်လေ့ကျင့်ခန်းဆင်းရင် heart attack ဖြစ်တာကြောင့်ခုဆိုဘောလုံးလောကမှအနားယူလိုက်ရပါပြီ။

ခုနောက်ပိုင်းမှာတော့ဘောလုံးအားကစားသမားတိုင်းဟာဆေးစစ်မှုတွေကိုပြုလုပ်ကပြီးဆေးစစ်တာအောင်မြင်မှုဘောလုံးအားကစားခွင့်ရှိတာပါ။မိနစ်၉၀ကျော်ကိုမနားတမ်းလှုပ်ရှားကစားရတာဖြစ်တာကြောင့်ကွင်းအတွင်းမှာဆေးအဖွဲ့တွေနဲ့ဆေးရုံကားတွေလည်းခုဆိုထားရှိထားတာပါ။ခုလိုပြင်ဆင်မှုတွေကြားထဲကဘောလုံးအားကစားကိုရူးသွပ်ရင်းမြက်ခင်းစိမ်းတွေပေါ်မှာအသက်ပေးခဲ့ရတဲ့ကစားသမားတွေရဲ့ videoကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

SOURCE:You Tube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။