ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ဘာစီလိုနာတို့ မနေ့ညက ယှဉ်ပြိုင်ရာ လီဗာပူးက လေးဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ဒီနှစ်သင်း ပထမအကျော့ ဘာစီလိုနာကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က အိမ်ရှင်အသင်းက သုံးဂိုးပြတ်နဲ့ အနိုင်ရထားတာပါ။ 

စပါးအသင်းကလဲ အေဂျက်အသင်းကို အံဖွယ်ဂိုးတွေနဲ့ ထိုက်ထိုက်တန်တန်အနိုင်ယူပြီး ဗိုလ်လုပွဲကို တတ်လာနိုင်ခဲ့တာပါ။ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ လီဗာပူးအသင်းဟာ စပါးအသင်းရဲ့ ဗိုလ်လုပွဲကြီးကို လာမယ့် ဇွန်လ ၁ ရက်နေ့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးက ရှုံးနေရာကနေ အနိုင်ယူခဲ့ပြီး တတ်လမ်းလာခဲ့လို့ စိတ်ဝင်စားစရာကောင်းနေပြီး လီဗာပူးအသင်းက မက်ဒရစ်မြေမှာ ချန်ပီယံလိဒ်ဖလားကြီးနဲ့အတူ အောင်ပွဲခံဖို့ အခွင့်ရေးများနေပါတယ်။ တိုက်စစ် ခံစစ်ပိုင်းမှာလဲ လီဗာပူးအသင်းက အသာရနေတာကြောင့်လီဗာပူးအသင်းချန်ပီယံလိဒ်မှာ ဗိုလ်စွဲမလားဆိုတာ စိတ်ဝင်စရာကောင်းနေပါပြီ။

source: thesun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။