ချယ်လ်ဆီးအသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့မားကိုစ့်အလွန်ဆိုကတော့အက်သလက်တီကိုအသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရခဲ့ပြီလို့ကြော်ငြာခဲ့ပါတယ်။ချယ်လ်ဆီးအသင်းရဲ့အဓိကခြေစွမ်းပြကစားသမားဖြစ်တဲ့အလွန်ဆိုကတော့နည်းပြဆာရီရဲ့လက်ထက်မှာနေရာရဖို့အတွက်ခက်ခဲပြီးယူရိုပါလိဒ်ဗိုလ်လုပွဲမှာတောင်အရံခုန်မှာထိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်ဆာရီအသင်းမှာဆက်ရှိနေရင်နေရာရဖို့မလွယ်ကူတာကြောင့်အသင်းပြောင်းရွေ့ဖို့လက်ခံလိုက်တာပါ။အလွန်ဆိုကတော့တီကိုအသင်းကိုသာပြောင်းရွေ့ခဲ့မယ်ဆိုရင်စပိန်မြေကိုဒုတိယအကြိမ်ပြန်ရောက်လာမှာဖြစ်ပြီးရီးရဲအသင်းကိုပြန်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာနည်းပြတွေနဲ့ကစားသမားတွေအဆင်မပြေတာကြောင့်အရင်ကလည်းတီကိုကစားသမားတွေကိုခေါ်ယူပြီးတီကိုအသင်းထံပြန်ရောင်းချတာတွေရှိခဲ့တာပါ။

နည်းပြဆာရီကတော့ခုနောက်ပိုင်းမှာလူငယ်ကစားသမားတွေကိုပိုနေရာပေးလာပြီးစီနီယာကစားသမားတွေကိုနေရာမပေးတော့တာကြောင့်အသင်းကကစားသမားတော်တော်များများဟာထွက်ခွာဖို့သတင်းတွေထွက်နေတာပါ။အလွန်ဆိုတစ်ယောက်လည်းချယ်လ်ဆီးကိုစွန့်ခွာပြီးစပိန်မှာအောင်မြင်မှုတွေထပ်ယူနိုင်မလားဆိုတာကတော့စောင့်ကြည့်အားပေးကြပါဦးနော်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။