ဒီအမျိုးသမီးရဲ့နာမည်ကတော့ Tammy Lawrence-Daley ဖြစ်ပြီး သူမဟာ အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။

တနေ့မှာတော့ သူမဟာ Majestic Elegance Resort မှာ သူမရဲ့ယောကျ်ားရယ် အခြားစုံတွဲတစ်တွဲနဲ့ ထိုင်နေစဉ် ထိတ်လန့်ကြောက်ဖွယ်ရာနဲ့ တိုက်ခိုက်မှုကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

၎င်းတိုက်ခိုက်မှုကိုကျူးလွန်ခဲ့သူကတော့ သူမကိုယ်တိုင်မသိတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး သူမကို ဘယ်လောက်ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သလဲဆိုတာကတော့ ယခုပရိသတ်တွေမြင်တွေ့နေရတဲ့ ပုံထဲကအတိုင်းပါပဲ။

ဒီပုံတွေထဲမှာဆိုရင်လည်း သူမရဲ့မျက်နှာတစ်ခုလုံးဟာ ညိုမဲစွဲတဲ့ ဒဏ်ရာတွေနဲ့ စုတ်ပြတ်နေသလို သူမရဲ့လည်ပင်းဟာလည်း အညှစ်ခံထားရတာပဲဖြစ်ပါတယ်။

၎င်းတိုက်ခိုက်ခံရမှုကရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့်ဆိုရင်လည်း သူမဟာ ဆေးရုံမှာ လေးလလောက်ကြာအောင် ဆေးကုသမှုခံခဲ့ရသလို ယခုသူမကသက်သာလာတဲ့အချိန်မှာ ဒီအကြောင်းအရာတွေကို ပြန်လည်ပြောပြခဲ့တာပဲဖြစ်ပါတယ်။

သူမအနေနဲ့ တိုက်ခိုက်ခံရတုန်းက ဘယ်လောက်တောင်နာကျင်ခံစားနေခဲ့ရမလဲဆိုတာကတော့ ဒီပုံလေးတွေမြင်ရတာနဲ့တောင် ကြက်သီးထစရာကောင်းလှပါတယ်။

Source –Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။