အနိုင်ကျင့်မှုတွေဆိုတာကတော့ နေရာတိုင်းမှာဖြစ်ပေါ်နေတဲ့ အရာတစ်ခုဖြစ်သလို တားဆီးဖို့အတွက်လည်း ခက်ခဲလှတဲ့ အရာတစ်ခုပါပဲ။

အနိုင်ကျင့်သူတွေအတွက်တော့ ကိုယ်လုပ်ချင်တာလုပ်လိုက်ရလို့ ပျော်သွားနိုင်ပေမယ့် အနိင်ကျင့်ခံရသူတွေအတွက်တော့ စိတ်ဓာဏ်ရာတွေ များစွာရရှိစေနိုင်ပြီး မခံနိုင်တော့တဲ့အဆုံး လောကကြီးကို လက်မြှောက်အရှုံးပေးသွားကြသူတွေလည်း ရှိကြပါတယ်။

အဲ့လိုပဲ အိန္ဒိနိုင်ငံမှာဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာဝန်မလေး ပါယယ်ဟာ အနိုင်ကျင့်ခံရမှုတွေကို မခံနိုင်တဲ့အဆုံး ကိုယ့်ကိုယ်သတ်သေသွားတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဘာကြောင့်လဲဆိုရင် သူမဟာ ဇာတ်နိမ့်အနွယ်ဝင်ဖြစ်နေတာကြေင့် လနဲ့ချီကြာတဲ့အထိ လူအများရဲ့ နှိမ့်ချအနိုင်ကျင့်မှုတွေကိုခံခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။

အဲ့ဒီလိုနှိမ့်ချ အနိုင်ကျင့်ခံရမှုတွေကိုမခံနိုင်တဲ့အဆုံးမှာတော့ ပါပယ်မှာ သူမငယ်ငယ်လေးထဲက အရမ်းဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက်ရဲ့ဘဝကိုတောင် စွန့်လွှတ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တာပဲဖြစ်ပါတယ်။

ရုတ်တရက်ကြီးဆိုသလို ပါယယ် သတ်သေသွားမှုကြောင့် သူမရဲ့လုပ်ဖော်ကိုက်ဖက်တွေ ၊ သူငယ်ချင်းတွေအတွက် အင်မတန်တုန်လှုပ်စရာကိစ္စကြီးတစ်ခုဖြစ်သွားခဲ့ရသလို ပါယယ်အလုပ်လုပ်ကိုင်တဲ့ ဆေးရုံရှေ့မှာလဲ ဒီအမှုကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။

သို့ပေမယ့် မည်သို့ပင်တောင်းဆိုပါသော်ငြားလည်း အနိုင်ကျင့်ခံရမှုတွေကို မခံနိုင်တဲ့အဆုံး အားလုံးကို အရှုံပေးပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ ပါယယ်လေးရဲ့အဖြစ်ကတော့ အင်မတန်ဝမ်းနည်းစရာကောင်းလှပါတယ်။

Source - BBC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။