ဘရားဇီးနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးပါရစေ...။ တစ်နေ့မှာ "Italo Nascimento Fernandes" ဆိုသူက သူ့မိန်းမနဲ့အတူ အဝေးပြေးလမ်းမကြီးပေါ်သို့ လျင်မြန်စွာ မောင်းနှင်လာခဲ့ပါတယ်...။ ထိုအချိန်မှာ အမှတ်မထင်ဘဲ ဗြုန်းကနဲဆို ထူးဆန်းစွာ မြွေကြီးတစ်ကောင် လမ်းဖြတ်ကူးနေတာကို သွားတွေ့ခဲ့ပါတယ်...။ ချက်ချင်းဘဲ သူတို့စုံတွဲဟာ အလန့်တကြားနဲ့ "ဝုန်း" ကနဲဆို ကောက်ရပ်လိုက်ပါတယ်...။ ကြောက်ရွံ့ စိတ်မရှိဘဲ စူးစမ်းချင်စိတ်ရှိတဲ့ သူတို့စုံတွဲလေးဟာဆိုရင် ကားပေါ်မှာကနေဆင်းပြီး သေချာစွာကြည့်ရှုခဲ့ပါတယ်....။ ပရိသတ်ကြီးတို့ရေ... ဒါဟာတော်ရုံသတ္တိလောက်နဲ့တော့ မရလောက်ဖူးနော်...။

မြွေကြီးဟာဆိုရင် အကောင်ကြီးလှပြီး မဲနက်တောက်ပြောင်ကာ "အမှောင်ထဲက နတ်ဆိုးကြီး" တစ်ကောင်လို့ တင်စားရလောက်အောင် ကြောက်မက်ဖွယ် ကောာင်းနေပါတယ်...။ "anaconda" မွေအမျိုးအစားဖြစ်ပြီး နက်နဲတဲ့ တောအုပ်ဆီကနေ ထွက်လာကာ နောက်တောအုပ်ရှိရာ အရပ်သို့ အစာရှာထွက်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်...။ အကြင်နာတရားစိတ်ရှိတဲ့ စုံတွဲဟာဆိုရင် အစာရှာထွက်လာတဲ့ မြွေကြီးကို ဘေးအန္တာရာယ်မပြုဘဲ အဝေးကနေရပ်ကြည့်ကာ ကားလေးကို စက်သတ်ပြီး ရပ်ကြည့်နေခဲ့ပါတယ်...။

အဝေးပြေးလမ်းမဖြစ်တာမလို့ သိပ်မကြာခင်မှာပဲ အခြားကားများဟာလည်း အရှိန်ဟုန်ပြင်းစွာ ရောက်ရှိလာပါတယ်...။ ရှေးဦးစွာပင် ဘရားဇီးစုံတွဲလေးဟာ လာသည့်ကားများကို အကြောင်းအရာ စုံလင်ရှင်းပြ၍ တားဆီးထားပါတယ်...။ လမ်းဖြတ်ကူးသည့် မြွေကြီး အနှောင့်အယှက်ဖြစ်မှာဆိုးသည့်တစ်ကြောင်းနှင့်၊ အသက်အန္တာရာယ် မထိခိုက်စေလို့ငှာဖြစ်ပါတယ်...။ အခြားကားရှိလူများကလည်း တိရိစ္ဆာန် တွေအပေါ် ထားရှိသည့် အကြင်နားတရား ပြည့်ဝမှုကြောင့် စုံတွဲရဲ့ စကားကို နားထောင်ကာ အဝေးကပင် ရပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်...။ မြွေကြီးလည်း ဘေးကင်းစွာ အခြားတစ်ဖက်ခြမ်းသို့ရောက်ရှိသွားပြီဖြစ်ကြောင်းကို သတင်းမီဒီယာများတွင် ပျံ့နှံ့သွားပြီး website များတွင် စိတ်ဝင်စားဖွယ်ဖော်ပြထားပါတယ်...။ Myanmarload ပရိသတ်ကြီးလည်း ဂရုတစိုက်သွားလာရအောင် ထိုစာနာစိတ်ရှိတဲ့ ဘရားဇီးစုံတွဲလေးနှင့် မြွေကြီးအကြောင်းကို ဗဟုသုတဖြစ်ဖွယ်မျှဝေပေးလိုက်ပါတယ်...။

Source Lifebuzz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။