မြောက်ကိုရီးယားအစိုးရကတော့ အမေရိကန်နိုင်ငံဆိုင်ရာ ထိပ်တန်းသံတမန် ကင်မ်ဟွတ်ချူးလ်နဲ့ နိုင်ငံခြားရေးအရာရှိ လေးယောက်ကို ကွပ်မျက်ခဲ့တယ်လို့သိရပါတယ်။

သူတို့တွေကို ကွပ်မျက်ခဲ့တာကတော့ ဟနွိုင်းထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် မတ်လ ထဲမှာ ကွပ်မျက်ခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီမတိုင်ခင်မှာတော့ မြောက်ကိုရီးယားအစိုးရဟာ ကင်မ်ဟွတ်ချူးလ်နဲ့ အသတ်ခံရသူ နိုင်ငံခြားရေးအရာရှိလေးေးယာက်ကို အမေရိကန်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကင်မ်ယောင်ချူးလ်နဲ့ အလုပ်အတူတွဲလုပ်တဲ့ အဓိကတာဝန်ရှိသူတွေကိုလည်း ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီးနောက်ပိုင်း မတွေ့ရတော့ဘူးလို့ သိရပါတယ်။

ယခု ကင်ယောင်ချူးလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး လေးယောက် ကွပ်မျက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းကိုတော့ တောင်ကိုရီးယား သတင်းစာတစ်ခုက ဖော်ပြခဲ့တာပဲဖြစ်တယ်လို့လည်း သိရပါတယ်။

Source - Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။