ပရိသတ်ကြီးလဲ သွေးစုပ်ဖုတ်ကောင် ဆိုတာကို ရုပ်ရှင်ကားတွေထဲမှာ စာအုပ်တွေထဲမှာ ဖတ်ဖူးကြမှာပါ။ သူတို့တွေဟာ အသက်ရှင်ဖို့အတွက် လူသားတွေရဲ့သွေးကို သောက်သုံးကြရပါတယ်။ သူတို့တွေဟာ နေရောင်အောက်ကို မထွက်နိုင်ပဲ တောက်ပတဲ့အလင်းရောင်ကို ကြောက်ကြပါတယ်။ အသားတွေဟာဆိုရင်လဲ ဖြူဖပ်ဖြူရော် ရှိနေကာ ဘာအသီးအရွက်မှ စားလို့မရပါဘူး။ 

အဲ့လို သွေးစုပ်ဖုတ်ကောင်တွေ အပြင်မှာရှိနိင်လားဆိုတော့ ဘယ်သူမှမပြောပြနိုင်ပါဘူး။ ဒါပေမဲ့ ခုဖော်ပြသွားမဲ့မိသားစုကတော့ သွေးစုပ်ဖုတ်ကောင်နီးပါ ရှိုကြတဲ့ သွေးသောက်တဲ့သူတွေပါ။ တကယ်တော့မိသားစုထဲက Julia ဆိုတဲ့ မိန်းကလေးကသာ သွေးသောက်တာဖြစ်ပါတယ်။ သူမဟာ လတိုင်းလိုလို လူသွေးကို သောက်သုံးလေ့ရှိကာ အဲ့သွေးတွေကိုတော့ သူရဲ့ပရိသတ်တွေဆိက ရရှိတာဖြစ်ပါတယ်။ သူမသောက်ရတဲ့အကြောင်းက သူရဲ့ Sexual Energy ကိုပြန်ဖြည့်ဖို့ အတွက်လို့ပြောပါတယ်။ 

သူမဟာဆိုရင် ကလေး၂ယောက်အမေဖြစ်ကာ အသက် ၅၀ရှိပြီဖြစ်ပါတယ်။ သူမသွေးကိုသောက်ရတဲ့ နောက်အကြောင်းကလဲ သူမကိုသူမ အသက်ကြီးမသွားပဲ နုပျိုနေဖို့နဲ့ လန်းဆန်တယ်ထင်ရသောကြောင့် လူသွေးကို သောက်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အဲ့လိုသောက်သုံးတာက လူတွေအတွက် မကောင်းမွန်းနိုင်ပါဘူး....တစ်ဖက်မှာလဲ သူမက သွေးအားနည်းတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ လူသားသွေးတွေကို မသောက်ဖို့လိုတယ်ဆိုတာ ပရိသတ်ကြီးလဲသိမှာပါ။ 

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။