အိမ်တိုင်လိုလိုမှာ အိမ်နောက်ဖေးဆိုတာ ရှိကြစမြဲပါ.....ဒါပေမဲ့လဲ အိမ်နောက်ဖေးကို အနက်တစ်နေရာလောက်ထိ မတူးကြဖူးလောက်ပါဘူး။ ကိုယ်နေနေတဲ့ နေရာကလဲ အရင်တုန်းက ဘာတွေရှိခဲ့ ဖြစ်ခဲ့တယ်ဆိုတာကို သေသေချာချာ သိရှိကြမှာမဟုတ်လောက်ပါဘူး။ တချို့တွေဆို မသင်္ကာလို့ တူးမိရာမှာ လူအရိုးလောင်းသို့ သေနတ်တို့ စသဖြင့် ထိတ်လန့်ဖွယ်ရာတွေနဲ့ ထူးဆန်းဖွယ်ရာတွေကို တူးဖော်တွေ့ရှိတက်ပါတယ်။ ခုဆိုရင်လဲ အိမ်နောက်ဖေးကို ရေကူးကန်လုပ်ဖို့ တူးရင် သင်္ချီုင်းတစ်ခုကို တူးဖော်တွေ့ရှိမိတယ်လေ။ 

New Orleans, Louisiana ကလူတစ်ယောက်ဖြစ်တဲ့ Vincent Marcello ဟာဆိုရင် တစ်နေ့မှာ သူရဲအ့အိမ်နောက်ဖေးကို ဘာလုပ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားနေခဲ့ပါတယ်။ အဲ့နောက်မှာ သူဟာရေကူးကန်လုပ်ဖို့ အကြံရခဲ့ကာ ရေကူးကန်လုပ်ဖို့အတွက် အဖွဲ့ကိုခေါ်ခဲ့ပြီး တူးနေခဲ့ပါတယ်။ တူးလို့မပြီးသေးပါဘူး....အုတ်အသံတွေကြားရလို့ ကြည့်လိုက်မိရာ မသင်္ကာလို့ ဆက်လက်တူးဖော်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ထိတ်လန့်ဖွယ်ရာပဲ သင်္ချိင်းတစ်ခုဖြစ်နေတာကို သူတွေ့ရှိခဲ့ရပါတယ်။  

အဲ့သင်္ချိုင်းဟာဆိုရင်အချိန်အနေနဲ့သူတွက်ကြည့်တဲ့အခါမှာတော့ ၁၇ရာစုက သင်္ချိုင်းတစ်ခုဖြစ်တာကို သိရှိရပါတယ်။ လုပ်သားတွေဟာဆိုရင် လူအရိုးတွေရှိနေသေးတဲ့ အခေါင်း ၁၃ခုကိုတွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့လဲ့ အာ့ဟာ ပထမဆုံးအကြိမ် အဲ့နားတစ်ဝိုက်က မြေအောက်မှာ အခေါင်းတွေ့ရှိတာမဟုတ်ပါဘူး။ ၁၉၆၄ခုနှစ်တုန်းကလဲ အဆောက်အအုံးဆောက်ဖို့ လုပ်နေရင်း နဲ့ အလောင်း၃၆ခုကိုလဲတွေ့ရှိခဲ့ရပါသေးတယ်။ ပရိသတ်ကြီးရော တခါတလေ သရဲတွေခြောက်ခံနေရရင် ကိုယ့်အိမ်အောက်မှာ သင်္ချိင်းတစ်ခုရှိမယ်လို့ထင်ဖူးလား......။ 

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။