ပရိသတ်ကြီးလဲ ဂရိကနတ်ဘုရားတွေကို သိသင့်သလောက်သိကြမယ်လို့ထင်ပါတယ်။ သူတို့တွေနဲ့ပတ်သတ်ပြီး ရုပ်ရှင်ကားတွေ ဂိမ်းတွေနဲ့ စာအုပ်တွေ ထွက်ရှိကြပါတယ်။ ပြီးတော့ ဂရိနတ်ဘုရားတွေဟာလဲ အများကြီးရှိကြကာ အဲ့ထဲကမှ ပါဝါအရှိဆုံးနဲ့ အာဏာအရှိဆုံးဖြစ်ကြတဲ့ Zeus, Poseidon နဲ့ Hades တို့ကို ပရိသတ်ကြီးသိရှိမှာပါ။ သူတို့ဟာဆိုရင် ဂရိနတ်ဘုရားတွေထဲမှာ အကြီးဆုံးဖြစ်ကြပါတယ်။ 

သူတို့ရဲ့ အဖေကရော သူတို့လောက်ပါဝါမရှိဘူးလာလို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဟုတ်ပါတယ်....သူတို့ရဲ့အဖေက နတ်ဘုရားမျိုးနွယ်မဟုတ်ဘဲ Titan မျိုးနွယ်ဖြစ်တာမို့ ပါဝါမရှိပါဘူး။ သူတို့ရဲ့အဖေ Cronus က နိမိတ်တစ်ခုကြောင့် သူတို့ကို မွေးမွေးချင်းစားပစ်ဖို့အတွက် သူတို့အမေကို ပြောပြခဲ့ကာ သူတို့အမေကလဲ ကလေးမွေးပြီးပြီးချင်း သွားရောက်ဆက်သခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နေရာမှာ ကျောက်တုံးတွေကိုနေရာလဲထားတယ်ဆိုတာတော့ Titan ကြီးဟာမသိပါဘူး။ ကြီးလာတော့ သူတို့အဖေ Titan မျိုးနွယ်တွေကို သတ်ပြီး အဖေကိုတော့ ဖမ်းဆီးထားခဲ့ပါတယ်။ 

ညီနောင်၃ယောက်ဟာ သူတို့အဖေကို ဖမ်းစီးပြီးနောက်မှာ အာဏာကိုယ်စီခွဲခဲ့ကြပါတယ်။ ညီအစ်ကို ၃ယောက်ထဲမှာ အကြီးဆုံးကတော့ Zeus ပဲဖြစ်ကာ Father Of God လို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူမှာမိန်းမများပြီး သားတွေဟာများပြာစွာရှိကာ သူရဲ့သားတွေကလဲ နတ်ဘုရားတွေပါပါတယ်။ သူကတော့ ကောင်ကင်မှာ အုပ်ချုပ်ပြီး မိုးကြိုးနတ်ဘုရားဆိုလဲမမှားပါဘူး။ အလတ်ကောင်ကတော့ Poseidon ပဲဖြစ်ကာ သူကတော့ God Of The Sea ဖြစ်ကာ ရေအောက်မှာ အာဏာအရှိဆုံးဖြစ်ပါတယ်။ Hades ကတော့ မြေအောက်လောကဖြစ်တဲ့ ငရဲပြည်ရဲ့ အုပ်ချုပ်သူဖြစ်လာပါတယ်။ သူကိုတော့ God Of The Dead လို့ခေါ်သလို King Of The Underworld လို့လဲခေါ်ကြကာ သူဟာ သူအစ်ကိုတွေအပေါ်ကို မကျေနပ်ခဲ့ပါဘူး။

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။