ပြောမယုံမှာကြုံဖူးမှာ သိတာထက်ဆိုတဲ့ သတင်းလေးပါ..

ဖြစ်ပုံကတော့…

မက်ဆီကိုနိုင်ငံ မြောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ လေယာဉ်တစ်စင်းပေါ်ကနေ ပစ်ချလိုက်တဲ့ အလောင်းတစ်လောင်းက ဆေးရုံအမိုးပေါ်ကို ကျလာတယ်လို့ ပြည်သူ့ကျန်းမာရေးအရာရှိက ပြောပါတယ်။

အဆိုပါအလောင်းဟာ အယ်ဒိုရာဒိုမြို့ရှိ IMSS ဆေးရုံခေါင်မိုးပေါ်ကို ကျခဲ့တာပါ။ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ လေယာဉ်ဟာ နိမ့်နိမ့်လေး ပျံသန်းလာတာဖြစ်ပြီး ဆေးရုံနားရောက်ချိန်မှာတော့ အလောင်းတစ်လောင်းကို ပစ်ချလိုက်တာလို့ ကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။  

ဒါ့အပြင် အဲ့ဒီမြို့မှာ နောက်ထပ်အလောင်း(၂)လောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒေသခံမီဒီယာတွေမှာ ဖော်ပြချက်အရ အဲ့ဒီလေယာဉ်ကနေပဲ အလောင်းတွေကို ပစ်ချခဲ့တာလို့ ဆိုပါတယ်။ အလောင်းတွေပစ်ချခံထားရတဲ့ဆီနာလိုအာပြည်နယ်ဟာ မူးယစ်ရာဇာ ဂျိုအာကွင်း အယ်ချာပို ဂုဇ်မန်းရဲ့ ဇာတိဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ကို မူးယစ်မှုနဲ့ အမေရိကန်ဆီ အခုနှစ်အစောပို်င်းက လွှဲပြောင်းခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုပါ အလောင်းတွေနဲ့ပတ်သတ်ပြီးတရားဝင်ထုတ် ဖော်ရှင်လင်းခြင်းတော့မရှိသေးပါဘူး။

Source: Man thrown from flying plane, body lands on hospital roof

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။