မကြာခင်အချိန်အတွင်းမှာတော့တစ်ကမ္ဘာလုံးကပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ချန်ပီယံလိဒ်ဗိုလ်လုပွဲကြီးကတော့ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ဒီနှစ်ဥရောပချန်ပီယံလိဒ်ပြိုင်ပွဲဗိုလ်လုပွဲကတော့၂၀၀၈ခုနှစ်နောက်ပိုင်းအင်္ဂလန်ကလပ်ချင်းချင်းတွေ့ပြီးနောက်ပြန်ပြီးအင်္ဂလန်လန်ထိပ်သီးတွေဖြစ်တဲ့လီပါပူးနဲ့စပါးတို့ပြန်တွေ့ဆုံခဲ့ကြတာပါ။

ဒီနှစ်သင်းကတော့ဆီမီးဖိုင်နယ်မှာဥရောပထိပ်သီးအသင်းတွေကိုခက်ခက်ခဲခဲအနိုင်ကစားပြီးမှဖိုင်နယ်ကိုတက်ရောက်လာတာပါ။ပါပူးအသင်းကလည်း၂နှစ်ဆက်တိုက်ချန်ပီယံလိဒ်ဗိုလ်လုပွဲကိုတက်ရောက်လာတာဖြစ်ပြီးစပါးအသင်းကတော့သမိုင်းတစ်လျောက်ဗိုလ်လုပွဲကိုတက်ရောက်လာတာကြောင့်ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာပါ။

ဒီနှစ်သင်းရဲ့ဗိုလ်လုပွဲကတော့တစ်ခြားပွဲတွေနဲ့မတူပဲပရိသတ်တွေကအရမ်းကိုစိတ်ဝင်စားနေကြတာပါ။စပါးအသင်းကလည်းသူတို့ရဲ့တိုက်စစ်မှူးဟယ်ရီကိန်းပြန်ပါလာမှာဖြစ်တာကြောင့်စိတ်ဓာတ်တွေတက်ကြွနေတာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ဥရောပချန်ပီယံလုပွဲမှာတော့ဘယ်အသင်းကအသာရသွားမလဲဆိုတာကတော့ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။