လက်ရှိကမ္ဘာ့အဆင့်မီ လက်ဝှေ့တွေထဲက One Championship ပွဲကိုတော့ ပရိသတ်များစွာအားပေးနှစ်သတ်ကြမယ်ထင်ပါတယ်။ အဆိုပါ One Championship ပွဲကို မြန်မာ့ကိုယ်စားပြု ဖိုက်တာမလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ကယန်းတိုင်းရင်းသူလေး အန်တိုနီယာကိုတော့ ပရိသတ်ကြီး ရင်းရင်းနှီးနှီးသိကြမယ်ထင်ပါတယ်။ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမွေးဖွားပြီး ကယန်းလူမျိုးတစ်ဦးဖြစ်တဲ့ သူမဟာ မိသားစုဝင်တွေထဲမှာ အငယ်ဆုံးဖြစ်ပြီး ငယ်စဉ်ကတည်းက လုံးထွေးသတ်ပုတ်နေရတာ ဝါသနာပါသူဖြစ်ကြောင်း သိရပါတယ်။

အန်တိုနီယာဟာ အသက် ၁၆ နှစ်အရွယ်မှာ မိဘတွေသဘောမတူတဲ့ကြားက Boxing စတင် ကစားဖို့ ဆုံးဖြတ်ရင်း ဒီလောကထဲကို ရောက်လာခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မိသားစုဝင် ၅ ဦးထဲက အငယ်ဆုံးဖြစ်တဲ့ အန်တိုနီယာကို အစ်ကိုဖြစ်သူတွေက ဒီကစားနည်းကို မကစားဖို့ တားမြစ်ခဲ့ဖူးပေမယ့် အခုလို လမ်းကြောင်းမှန်ပေါ်မှာ ပရိသတ်သတိထားမိသူတစ်ဦးဖြစ်လာတဲ့အခါမှာတော့ မိသားစုဝင်အားလုံး အမြင်တွေပြောင်းသွားပြီး ထောက်ပံ့ပေးမှုတွေတောင် ပြုလုပ်လာကြတယ်လို့ သိရပါတယ်။ လက်ရှိမြန်မာ့ကိုယ်စားပြု နာမည်ကြီး MMA ဖိုက်တာတစ်ဦးဖြစ်နေပြီး နိုင်ပွဲများစွာကိုလည်း အနိုင်ယူခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။

အန်တိုနီယာကတော့ တချိန်ကလေးစားခဲ့ဖူးတဲ့ နိုင်ငံခြားသူတွေနဲ့ပတ်သက်ပြီး ကိုယ်တွေအကြောင်းအရာလေးတစ်ခုကိုရင်ဖွင့်လာတာတွေ့ရပါတယ်။ အဆိုပါရင်ဖွင့်စကားလေးကတော့ "တစ်ချိန်တုန်းက နိုင်ငံခြားသားတွေမှန်သမျှ သူဘယ်လိုပဲဖြစ်နေဖြစ်နေ ဂရုမစိုက်ဘဲ အရမ်းအထင်ကြီးတွေ့ချင်ခဲ့တာ။ သူတို့ကိုမြင်ရင် အရမ်းပျော် နေခဲ့တာ။ ဒါပေမဲ့ ခုတော့ သူတို့ရဲ့နေပုံထိုင်ပုံ သွားပုံလာပုံတွေကိုကြည့်ပြီး အားလုံးက အတူတူပဲဆိုတာ နားလည်လာတယ်။ လူတစ်ယောက်ကို အရမ်း အထင်မကြီးမိဖို့နဲ့ လွယ်လွယ်မယုံဖို့နဲ့ အထင်လည်းမသေးမိဖို့ ပြောချင်ပါတယ်။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ လူလူချင်းအတူတူပြဲဖစ်သလို ပြိုင်နိုင်ငံခြားသူတွေကိုလည်း မကြောက်မရွံ့ထိုးသတ်နေတဲ့ အန်တိုနီယာရဲ့စကားလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - အန်တိုနီယာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။