ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမှာကတော့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော်လည်း မော်လ်ဒယ်တစ်ယောက် ဖြစ်လာခဲ့တဲ့ ကောင်မလေး တစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူမရဲ့ နာမည်တော့ Melanie Gaydosဖြစ်ပြီး အသက် ၂၈ နှစ်ရှိပြီ ဖြစ်ကာ လက်ရှိမှာ မော်လ်ဒယ်အလုပ်ကို လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

သူမဟာ မွေးရာပါ မျိုးရိုးဗီဇချို့ယွင်းတဲ့ Ectodermal dysplasia ဆိုတဲ့ ရောဂါကိုခံစားနေရတာဖြစ်ပြီး ဒီရောဂါကို ခံစားရသူဟာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်သွားနိုင်ပါတယ်။ Gaydos ကလေးဘဝအရွယ်တုန်းက သူမရဲ့ ပါးစပ် ၊ မျက်လုံးနဲ့ ၊ နားရွက်တို့ကို အဆင်ပြေတည့်မတ်စေဖို့အတွက် ခွဲ စိတ်မှုပေါင်း ၄၀ ကျော်ကို ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။  

အသက်အရွယ်ရောက်လာတဲ့ အခါမှာတော့ သူမဟာ ဓါတ်ပုံပညာရပ်ကို လေ့လာဆည်းပူးနေခဲ့တာဖြစ်ပြီး သူမရဲ့သူငယ်ချင်းဖြစ်သူက ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းခဲ့ရာမှ မော်လ်ဒယ်လောကထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ သူမဟာ လူသိများပြီး အောင်မြင်တဲ့ မော်လ်ဒယ်ဖြစ်နေပီပဲ ဖြစ်ပါတယ်။ 

“ ကျွန်မ ဘဝက မွေးကတည်းက မပြည့်စုံဘူးဆိုတာ သိပါတယ်.. ဒါပေမယ့်လည်း ဒါတွေက ကျွန်မ ပြင်လို့ရတဲ့အရာတွေမှ မဟုတ်တာ … တစ်ကယ်တော့ လက်ရှိဘဝမှာ ဘယ်လို အကောင်းဆုံးနေထိုင်သွားမလဲဆိုတဲ့ စိတ်ရှိနေဖို့ပဲ အရေးကြီးပါတယ်။ ဒီလောကကြီးမှာ ပြီးပြည့်စုံနေတဲ့ လူဆိုတာမ၇ှိပါဘူး…ဒါ့ကြောင့်စိတ်ကျစရာလည်း မလိုပါဘူးလို့ …” သူမကို မေးမြန်းတဲ့ အင်တာဗျူး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

Source : Drunken 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။