နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ပနိုင်ငံများစွာကို မကြာခဏသွားရောက်တက်သူတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာမှချစ်ကြည်ရေးခရီးစဉ်တွေမှာလည်း တွေ့ရတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြသည် ဇွန် ၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် သံရုံးမှ တာဝန်ရှိသူများက သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ဘန်ကောက်မြို့မှ တစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် ချက်သမ္မတနိုင်ငံ Prague မြို့သို့ ရောက်ရှိခဲ့ကြကြောင်း သိရပါတယ်။  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာနိုင်ငံ ဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Daroslav Dolecez နှင့် တာဝန်ရှိသူများက ချက်နိုင်ငံ Prague အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပါတယ်။ ထို့နောက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် Prague မြို့ရှိ Lichtenstein Palace အစိုးရဧည့်ဂေဟာသို့ ရောက်ရှိကြကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။