လီပါပူးအသင်းကတော့တနင်္ဂနွေနေ့အစောပိုင်းကစပါးအသင်းကို၂ဂိုးပြတ်နဲ့အနိုင်ယူပြီးဥရောပချန်ပီယံလိဒ်ဖလားကြီးကိုပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ပါပူးအသင်းအတွက်ကတော့ဒီဖလားဟာ၆ကြိမ်မြောက်ရတဲ့ဖလားပဲဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့ပါပူးအသင်းဟာအောင်မြင်မှုတွေရဖို့တစ်နှစ်ထက်တစ်နှစ်ပိုကောင်းတဲ့ခြေစွမ်းတွေနဲ့တူတူခုနှစ်မှာတော့ဥရောပချန်ပီယံဆိုတဲ့အောင်မြင်မှုကြီးကိုရရှိခဲ့ပြီဖြစ်ပါတယ်။

ပါပူးအသင်းဟာချန်ပီယံလိဒ်ဗိုလ်လုပွဲကိုရောက်ရှိဖို့ခက်ခက်ခဲခဲနဲ့ကစားခဲ့ရပြီးအဆင့်တော်တော်များများကိုဖြတ်ကျော်လာခဲ့တာပါ။ဒီပွဲမှာပါပူးအသင်းရဲ့ကစားသမားဆာလာကလည်းသမိုင်းတစ်လျောက်ဒုတိယအမြန်ဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။၂နှစ်ဆက်တိုက်ဗိုလ်လုပွဲတက်လာတဲ့ပါပူးအသင်းဟာမနှစ်ကလိုအရှုံးမျိုးမရအောင်အမှားမရှိကစားနိုင်ခဲ့လို့ခုလိုအောင်မြင်မှုကိုရယူနိုင်ခဲ့တာပါ။

ဖလားတွေနဲ့ဝေးကွာနေတဲ့ပါပူးပရိသတ်တွေကလည်းအောင်မြင်မှုတွေယူပေးနိုင်တဲ့သူတို့နည်းပြတွေကစားသမားတွေကိုမြို့ထဲမှာကြိုဆိုအောင်ပွဲခံခဲ့ကြပါတယ်။ပရိသတ်ပေါင်းသိန်းချီပြီးကားလမ်းတွေပေါ်မှာတောင်အပြည့်ပရိသတ်တွေကဂုဏ်ပြုအားပေးခဲ့ကြတာပါ။ကြက်သီးထလောက်အောင်ကိုဝက်ဝက်ကွဲအောင်ပွဲခံခဲ့တဲ့ပါပူးပရိသတ်တွေရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:UEFA Champions League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။