အာဆင်နယ်အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ရီယက်စ်ကတော့ချစ်ကတဲ့သူတွေကိုအပြီးတိုင်စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ်။သူကတော့စနေနေ့ကစပိန်နိုင်ငံမက်ဒရစ်မြို့မှာကားအက်စီးဒင့်ကြောင့်သေဆုံးခဲ့ရတာပါ။သူသေဆုံးချိန်မှာအသက်၃၅နှစ်သာရှိသေးတာကြောင့်ပရိသတ်တွေနှမြောပြီးမယုံနိုင်ဖြစ်နေရတာပါ။

သူကတော့ဆီဗီယာအသင်းကနေကစားသမားဘဝကိုစတင်ခဲ့တာဖြစ်ပြီးအာဆင်ဝင်းဂါးကလပ်စံချိန်တင်ပြောင်းရွေ့ကြေးနဲ့တောင်ခေါ်ယူခဲ့ရတဲ့ကစားသမားပဲဖြစ်ပါတယ်။သူကတော့အာဆင်နယ်အသင်းနဲ့ဆုဖလားတွေလည်းသိမ်းပိုက်ခဲ့ပြီးပရိသတ်တွေချစ်ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ရိုးသားဖြူစင်တဲ့စိတ်ဓာတ်တွေကြောင့်အသင်းတိုင်းကပရိသတ်တွေချစ်ရတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တာပါ။

သူနဲ့နောက်ဆုံးဈာပနအခမ်းအနားကိုတော့ဆီဗီယာအသင်းရဲ့အိမ်ကွင်းမှာပြုလုပ်ခဲ့ပါတယ်။ဒီဈာပနကိုတော့ပရိသတ်တွေများစွာလာရောက်ခဲ့ကြပါတယ်။အာဆင်နယ်ပရိသတ်တွေလည်းဒီပွဲကိုတက်ရောက်ခဲ့ပြီးသူ့နာမည်ပါတဲ့အင်္ကျီကိုဝတ်ဆင်ထားခဲ့ကြပါတယ်။ပရိသတ်တွေခုချိန်ထိတိုင်အောင်သူ့ကိုချစ်ခင်ကြသေးပေမယ့်သူကတော့ပရိသတ်တွေကိုအပြီးပိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။