ရုရှားနိုင်ငံကတော့ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကစတင်ကာ လာမယ့် ဇွန်လ ၉ ရက်အထိအချိန်သတ်မှတ်ပြီး The Aviadarts 2019 လေကြောင့်လေ့ကျင့်ရေးကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

၎င်းလေကြောင်းလေ့ကျင့်ရေးကိုတော့ ရုရှားဟာ ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဖေ့အိုဒိုးစီးယားက ချောင်ဒါသင်တန်းနယ်မြေမှာ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းရဆိုရင်လည်း ရုရှားနိုင်ငံရဲ့ MiG နဲ့ဆူခွိုင် တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေဟာ ပစ်မှတ်အမျိုးမျိုးကို ထိအောင်ပစ်ပြခဲ့ပြီး ပျံသန်းပုံအမျိုးမျိုးနဲ့လည်း သရုပ်ပြမောင်းနှင်ခဲ့ပါသေးတယ်။

ဒါ့အပြင် မနေ့က ဇွန်လ ၁ ရက်နေ့မှာဆိုရင်လည်း ရုရှားနိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုကို လာရောက်ကြည့်ရှုသူ ဦးရေ ငါးထောင်ကျော်လောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာဆိုရင်လည်း ရုရှာနိုင်ငံရဲ့ မြောက်ပိုင်းတပ်မဟာနဲ့ စစ်တိုင်းလေးခုက တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံဆီက သိမ်းပိုက်ထားတဲ့ ခရိုင်မီးယား ကျွန်းဆွယ်မှာ အကြီးစား လေကြောင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Source- CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။