1. အကြင်နာပေးခြင်းက သင်၏သွားကျန်းမာရေးကိုကောင်းမွန်စေပါတယ်
သုတေသနပြုလုပ်ချက်တစ်ခုအရဆိုလျှင် အကြင်နာပေးတဲ့အခါ ထွက်လာတဲ့တံထွေးဟာ သင့်ရဲ့သွားကျန်းမာရေးကို အထောက်အကူပြုတယ်လို့ပြောပါတယ်။ ဒါကြောင့် အကြင်နာပေးခြင်းဟာ သင့်ရဲ့သွားဖုံးကျန်းမာရေးကို အထောက်အကူပြုပြီး သွားဆရာဝန်ဆီ ခဏခဏမသွားရအောင် စွမ်းဆောင်ပေးနိုင်တယ်လို့ဆိုပါတယ်။
2. အကြင်နာပေးခြင်းက ဘဝမှာ အသက်ရှည်ရှည်နဲ့ပျော်ပျော်ရွှင်ရွှင်နေစေနိုင်ပါတယ်။
မနက်တိုင်းကိုယ်ချစ်တဲ့သူကိုအမြတ်တနိုး နမ်းပါသလား။
ကိုယ့်ချစ်ရတဲ့သူကို မြတ်မြတ်နိုးနိုးတစ်ခါနမ်းတိုင်း အသက် ငါးနှစ်တိုးတယ်လို့ သုတေသနပြုလုပ်ချက်အရတွေ့ရှိရပါတယ်နော်။
3. အကြင်နာပေးခြင်းက ၀ိတ်ကိုကျစေပါတယ်။
သင်သိပါသလား။ သင်သိပ်ချစ်တဲ့သူကို ဖွဖွလေးတစ်ခါနမ်းရင်တောင် ၆ ကယ်လိုရီကနေ ၁၂ကယ်လိုရီအထိလောင်ကျွမ်းတတ်တယ် ဆိုတာ။ ဒီထက့်များ နည်းနည်း အရှိန်ပြင်းမယ်ဆိုရင်တော့၊ ၀ိတ်ပိုကျတာပေါ့လို့။
4. အကြင်နာပေးခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေပါတယ်။
ကိုယ်ကအချစ်ခံရတာပဲဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူကို အကြင်နာပေးတဲ့နေရာမှာ ကိုယ့်ကိုကိုယ် အထင်ကြီးလေးစားလာပြီး ယုံကြည်မှုလည်း တဖြည်းဖြည်းတိုးလာတယ်လို့ဆိုပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျတာ စိတ်ပင်ပန်းတာဖြစ်နေရင်တော့ ချစ်တဲ့သူကို အာဘွားကြီးကြီးသာပေးလိုက်ပါ။ ဘယ်ကမှန်းမသိတဲ့ခွန်အားတွေ ရလာပါလိမ့်မယ်။
5. အကြင်နာပေးတာက သင့်ရဲ့ နှလုံးအတွက်ကောင်းပါတယ်။
လေ့လာတွေ့ရှိချက်အရ အကြင်နာတစ်ခါပေးရင် နှလုံးခုန်နှုန်းမြန်လာပြီး သွေးလည်ပတ်မှုကိုမြင့်တက်စေကာ နှလုံးကျန်းမာရေးအတွက်ကောင်းပါစေတယ်လို့ဆိုပါတယ်။ နှလုံးခုန်နှုန်းအမြန်ဟာ လမ်းအမြန်လျှောက်တာ စက်ဘီးစီးအားကစားလုပ်နှုန်းနဲ့သွားညီတယ်လို့ဆိုပါတယ်။
6. အကြင်နာပေးတာက စိတ်ဖိစီးမှုပြေပျောက်စေတယ်။
အထက်ကပြောခဲ့သလိုပါပဲ၊ ချစ်သူနဲ့ အကြင်နာပေးတဲ့အချိန်မှာ အရာအားလုံးမေ့ပျောက်ပြီး စိတ်ဖိစီးမှုတွေပြေပျောက်တယ်လို့ဆိုပါတယ်။
7. အကြင်နာပေးတာက နာကျင်မှုကိုလျော့ကျစေတယ်
ခေါင်းမူးနေပါသလား၊ ခေါင်းကိုက်နေပါသလား၊ ချစ်ရသူရဲ့မျက်နှာကို တစိမ်စိမ့်ကြည့်ပြီးတော့သာ အကြင်နာလေးပေးလိုက်ပါ။ ဒါဟာ သောက်ဆေးတွေထက်တောင်ပိုအစွမ်းထက်ပါတယ်။
8. အကြင်နာပေးတာက ကိုယ့်ကိုကိုယ် ငယ်ပြီး နုပျိုတယ်လို့ထင်စေနိုင်။
ချစ်ရသူနဲ့ အကြင်နာပေးတိုင်းမှာ ကိုယ်ဟာ ဘယ်လောက်ပဲအသက်ကြီးနေပါစေ၊ ဖိုးဖိုးဖွားဖွားတွေပဲဖြစ်နေပါစေ၊ ဒီအခိုက်အတန့်လေးကတော့ အမြဲတမ်းသင့်ကို ပြန်ငယ်သွားတယ်လို်ခံစားရစေမှာပါ။
Source: affordental.com
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။