အသက် ၂၃ နှစ်အရွယ်ရှိ ရာဘီရော့ဟာ ယခုနှစ်ဘောလုံးရာသီကုန်ဆုံးလျှင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ရာ ပြီးခဲ့တဲ့ဒီဇင်ဘာလက အသင်းအနေဖြင့်စာချုပ်သက်တမ်း တိုးရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းကိုယ်တိုင်ကငြင်းပယ်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီကုန်ဆုံးလျှင် အသင်းမှထွက်ခွာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။ 

ရာဘီယော့စ်ဟာ ပီအက်ဂျီရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် တစ်ရာသီလုံးပွဲထွက်ခွင့်မရတဲ့အပြင် အရန်စာရင်းမှာတောင် ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှုရှိခဲ့ပြီလို့ ထွက်ပေါ်နေပေမယ့် အခုတော့ အလွတ်ပြောင်းရွှေ့ကြေးရမယ့် ရာဘီယောစ့်ကို စပါးနဲ့ မန်ယူအသင်းကိုက ချိတ်ဆက်နေတာဖြစ်ပါတယ်။

ပီအက်ဂျီကစားသမားရာဘီယော့စ်ကတော့ မန်ယူအသင်းက များပြားတဲ့ငွေကြေးတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဥရောပချန်ပီယံ လီဗာပူးအသင်းဆီသာ လာရောက်ကစားချင်နေတာကြောင့် မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပဲဖြစ်ပါတယ်။ ဆုဖလားရရှိတဲ့ အသင်းဆီသာ နာမည်ကျော်ဘောလုံးသမားတွေ လာရောက်ကစားချင်တဲ့ စကားကတော့ အတော်လေးကို မှန်ကန်နေပြီဖြစ်ပါတယ်။

source: daily mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။