မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကတော့ မုန်တိုင်းအန္တရာယ်ရှိတယ်လို့ သတိပေးလိုက်ပါပြီ……

"ကိုယ့်သင်္ကြန် ...ကိုယ့်မဏ္ဍပ်နဲ့ကိုယ်...

ဝတ္တရားမကင်းတဲ့ ဖွတ်ကြားမင်းဆိုတော့

အသံကုန်အော်ရတာ

အသံတွေတောင်ပြာနေပြီ။

မုန်တိုင်းဗျို့....မုန်တိုင်း....

မောင်ထွန်းလွင်(မိုးလေဝသ)

မပြောကောင်းပြောကောင်း

တစ်ယောက်လောက်အသက်ဆုံးရှုံးရရင်တောင်

ကျွန်တော်ရှုံးပြီ။" ဆိုပြီး သူ့ရဲ့ လူမှုစာမျက်နှာမှာ ရေးသားထားပြီး မုန်တိုင်းအန္တရာယ်ကိုတော့ ယခုလိုပဲ သတိပေးပြောဆို လိုက်ပါတယ်။

Tropical Cyclone Development Potential

အပူပိုင်းဆိုင်ကလုန်းဖြစ်ပေါ်လာနိုင်မှုအလားအလာ

အခုတော့ နိုင်ငံတကာကပါ ပြောလာပါပြီ။

၁၄-၄-၂၀၁၇

ညနေ (၄း၁၄)နာရီ

လေထုမငြိမ်မသက်ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ 92°N 86.7°E တွင် ဗဟိုပြုနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ သချင်္ာမော်ဒယ်လ်တွက်ချက်မှုများ အရ အဆိုပါ လေထုမငြိမ်သက်မှုဟာ လျင်မြန်စွာ ပိုမိုအားကောင်းလာနိုင်ပြီး၊ မြောက် အရှေ့မြောက်ယွန်းယွန်းကိုဦးတည်ရွေ့လျှားမယ်လို့ ခန့်မှန်းရပါတယ်။

ဗဟိုချက်အနီးလေတိုက်နှုန်းမှာ 20 to 25 knots (25 to 30 mph)ခန့်ရှိနိုင်

ပါတယ်။

နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာရန် အလားအလာ ပိုကောင်းလာပြီး၊ အသင့်အတင့်ရှိနေပြီဖြစ်ပါတယ်။

Ref: JTWC, USA (140400 UTC)

ဒေါက်တာထွန်းလွင်

Source: Tun Lwin

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။