ပရိသတ်ကြီးကို အခုတစ်ခါမှာဖော်ပြပေးချင်တာကတော့ ကျောင်းဖွင့်ရာသီလည်း ရောက်လာပြီဆိုတော့ နွေရာသီ ကျောင်းပိတ်ရက်ရှည်ရထားတဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ကျောင်းတော်ကြီးဆီ ပြန်ပို့ရတော့မှာပဲ ဖြစ်ပါတယ်။ ဒီမှာထူးဆန်းတာက ပိတ်ရက်အကြာကြီးရထားလို့ ကျောင်းတက်ရမှာ ပျင်းနေတဲ့ သားသားမီးမီးတွေကို ကျောင်းပြန်ပို့တဲ့အခါ ဘယ်လိုပို့ကြလဲဆိုတဲ့အကြောင်းကို ဟာသလေးနှောပြီး ဓာတ်ပုံရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးသိတဲ့အတိုင်း ကလေးသဘာဝဆိုတာ နဂိုထဲကမှ အဆော့သန်နေတာကို ကျောင်းပါရက်ရှည် ပိတ်လိုက်တယ်ဆိုတော့ လုံးဝကို အပျော်လွန်ပြီး သောင်းကျန်းကြမှာ အသေအချာပါပဲ။ မိဘတွေခဗျာမှာလည်း နွေရာသီ ၃လလုံးလုံး ဒီလိုအဆော့သန်တဲ့ ကလေးတွေကို ထိန်းရတာကတစ်ဖက်၊ အိမ်အလုပ်လုပ်ရတာက တစ်ဖက်နဲ့ဆိုတော့ အတော်လေးကို ပင်ပန်းနေကြမှာပဲ ဖြစ်ပါတယ်။ အခုပုံလေးတွေကို ကြည့်လိုက်ရင် အရင်လို မထိန်းရတော့မှာမို့လို့ ပျော်နေတဲ့ ပုံစံနဲ့ ရိုက်ထားတာလေးတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒီစာဖတ်နေတဲ့ ပရိသတ်ကြီးရော နွေရာသီတုန်းက အိမ်မှာ သောင်းကျန်းပြီး အဆော့လွန်တဲ့ကလေးတွေကို လယ်လိုတောင် ထိန်းခဲ့ရလဲဆိုတာ အောက်က comment မှာ ပြန်လည်ဝေမျှ ပေးခဲ့လို့ရပါတယ်နော်။ ပရိသတ်ကြီးအတွက် အခုလိုမျိုး ဘဝအမောပြေစေမယ့် အကြောင်းအရာ ပုံရိပ်လေးတွေကို ရှာဖွေတင်ဆက်ပြီး ဖော်ပြပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းဗျ.....

Source : Brain Berries 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။