ဥရောပါနိုင်ငံအသီးသီးကလိဒ်ပြိုင်ပွဲတွေကတော့စနေနေ့ကချန်ပီယံလိဒ်ဖိုင်နယ်အပြီးမှာတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အသင်းတွေကတော့ခုမှာနောက်လာမယ့်ရာသီအတွက်ကစားသမားခေါ်ယူမှုတွေနဲ့ပြင်ဆင်နေကြပြီးရာသီသစ်အတွက်အင်္ကျီဒီဇိုင်းအသစ်တွေပါပြင်ဆင်နေကြတာဖြစ်ပါတယ်။အသင်းပရိသတ်တွေအတွက်ဂျာစီအသစ်တွေကလည်းပရိသတ်တွေအတွက်ခုလိုချပြခဲ့ပြီးပရိသတ်တွေကတော့ဝယ်ယူဖို့အပြိုင်ဖြစ်နေပါပြီ။

ခုမှာတော့စပိန်ထိပ်သီးဘာစီလိုနာအသင်းကတော့လာမယ့်ရာသီအသစ်အတွက်အင်္ကျီဒီဇိုင်းအသစ်ကိုချပြလိုက်ပြီဖြစ်ပါတယ်။ရာသီသစ်အတွက်ဒီဇိုင်းအသစ်ကတော့ပရိသတ်တွေအံ့သြသွားလောက်အောင်မိုက်နေတာဖြစ်ပါတယ်။အင်္ကျီရဲ့ရှေ့ဘက်ခြမ်းမှာအကွက်လေးတွေလုပ်ထားတာကရိုးရိုးရှင်းရှင်းလေးနဲ့ကိုလှနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာမနှစ်ကချန်ပီယံလိဒ်မှာကျရှုံးခဲ့တာကြောင့်ဒီနှစ်မှာတော့ပြင်ဆင်မှုတွေများစွာလုပ်ထားသလိုနာမည်ကျော်ကစားသမားတွေကိုလည်းဝယ်ယူထားတဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့်ရာသီအသစ်မှာအင်္ကျီဒီဇိုင်းအသစ်ကစားသမားအသစ်တွေနဲ့အောင်မြင်တဲ့ရာသီကိုဖြတ်သန်းနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:FC Barcelona

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။