လက်ဝှေ့ပွဲတွေကတော့ပရိသတ်တွေကိုရင်ခုန်စိတ်လှုပ်ရှားစရာတွေအပြည့်ပေးနိုင်တာကြောင့်ပရိသတ်တွေအားပေးမှုအပြည့်ရထားတဲ့ကစားနည်းဖြစ်ပါတယ်။အနိုင်ရဖို့အတွက်ပြင်းပြင်းထန်ထန်ကစားရတာကြောင့်အနာတရတွေရတက်ပြီးတစ်ချို့ပွဲတွေဆိုပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်အသက်သေသွားတဲ့အထိဖြစ်ဘူးတာပါ။

လက်ဝှေ့ပွဲတွေဆိုတာအားကိုအသုံးပြုရတာကြောင့်ယောက်ျားလေးတွေအများဆုံးယှဉ်ပြိုင်ကစားပြီးနောက်ပိုင်းမှာတော့မိန်းကလေးတွေပါလက်ဝှေ့အားကစားကိုပြိုင်ဆိုင်လာကြတာပါ။လက်ဝှေ့ပြိုင်ပွဲတွေကတော့ဝိတ်တန်းညီမှထိုးခွင့်ပြုတာကြောင့်မိန်းကလေးအားကစားသမားတွေလည်းခန္ဓာကိုယ်တောင့်တင်းအောင်ကစားပြီးမှပြိုင်ပွဲဝင်ခွင့်ရတာဖြစ်ပါတယ်။

ခုမှာလည်းပရိသတ်တွေအတွက် UFC အမျိုးသမီးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဘရာဇီးနိုင်ငံသူ AMANDA NUNES နဲ့အမေရိကန်နိုင်ငံသူ Ronda Rousey တို့ရဲ့ပွဲကောင်းတစ်ပွဲကိုပရိသတ်တွေအတွက်တင်ဆက်ပေးမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ UFC လောကမှာနာမည်ရထားတဲ့နာမည်ကျော်ကစားသမားတွေဖြစ်ပါတယ်။နှာခေါင်းသွေးထွက်လောက်တဲ့အထိပွဲကြမ်းခဲ့တဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ယှဉ်ပြိုင်ထိုးသတ်တဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။