ဟန်ဒါဆန်ကျွန်း ( Henderson Island ယခင်အမည် San Juan Bautista နှင့် Elizabeth Island) ကျွန်းလေးဟာ တောင်ပစိဖိတ်သမုဒ္ဒရာတွင်းရှိ လူနေထိုင်မှုမရှိသော ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ ဟန်ဒါဆန်ကျွန်း၏ ဂေဟစနစ်ဟာ ကမ္ဘာပေါ်တွင် လူထိတွေ့မှုမရှိသေးသော အလယ်၌ ရေငန်အိုင်ရှိသော သန္တာကျောက်ကျွန်း နှစ်ခုအနက် တစ်ခု အပါအဝင်လည်း ဖြစ်ပါတယ်။ ကျွန်းရှိ ပန်းအမျိုးအစား ၅၁ မျိုးအနက် ဆယ်မျိုး၊ ကျွန်းနေငှက် လေးမျိုး၊ နှင့် မှတ်တမ်းတင်ထားသော အင်းဆက်များနှင့် ခရုပတ်ကျိ သုံးပုံတစ်ပုံတို့ကို ဟန်ဒါဆန်ကျွန်း၌သာ တွေ့ရပြီး ကျွန်းတစ်ခုလုံး သိသာထင်ရှားသော မျိုးစုံမျိုးကွဲများ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ကျွန်းအလျား ၉.၆ ကီလိုမီတာ (၆.၀ မိုင်) နှင့် အနံ ၅.၁ ကီလိုမီတာ (၃.၂ မိုင်) ရှိပြီး ဧရိယာ စုစုပေါင်း ၃၇.၃ စတုရန်း ကီလိုမီတာ (၁၄.၄ စတုရန်းမိုင်) ရှိကာ ပစ်ကိန်ကျွန်းစု၏ အရှေ့မြောက်ဖက် ၁၉၃ ကီလိုမီတာ (၁၂၀ မိုင်) အကွာတွင် တည်ရှိပါတယ်။ မြေညံ့အမျိုးအစားဖြစ်ပြီး လတ်ဆတ်သည့် ရေရရှိမှုနည်းကာ စိုက်ပျိုးရေးအတွက် မသင့်တော်ပါဘူး။ ကျွန်း၏ မြောက်ဖက်ပိုင်းတွင် ကမ်းခြေသုံးခုရှိကာ ကျန်ကမ်းရိုးတန်းများမှာ ၁၅ မီတာ (၄၉ ပေ) အထိ မြင့်မားသော ကမ်းပါးမတ်များ ဖြစ်ကြပါတယ်။

၁၉၀၂ ခုနှစ်တွင် ဟန်ဒါဆန်ကျွန်းအား ပစ်ကိန်ကျွန်းစုကိုလိုနီအတွင်း ထည့်သွင်းခဲ့ပြီး ယခုအခါ တောင်ပစိဖိတ် ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေတစ်ခု အဖြစ် တည်ရှိနေပါတယ်။ ဟန်ဒါဆန်ကျွန်းအား ကုလသမဂ္ဂမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၈၈ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ပလစ်စတစ်အမှိုက် အများအပြား ကျွန်းပေါ်သို့ ရောက်ရှိနေခြင်းကို လေ့လာမှတ်တမ်းတင်ခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ် မေလတွင် ကျွန်းအား မီဒီယာများမှ အာရုံစိုက်ခြင်း ခံခဲ့ရပါတယ်။

Source : Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။