လက်ရှိ ဇွန်လ အစကတော့ ပြည်တွင်း အခြေံကျောင်းတွေပြန်လည်ဖွင့်လှစ်တဲ့နေ့ပဲဖြစ်ပါတယ်။

ပြည်တွင်း တိုင်းဒေသကြီးအနှံ့အပြားမှာရှိတဲ့ ကျောင်းပေါင်းစုံပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၅နှစ်ပြည့်ကလေးငယ်တွေလည်း KG တန်းကို စတင်တက်ရောက်ခွင့်ရမှာပဲဖြစ်ပါတယ်။  

ကျောင်းဖွင့်ရက်ပထမဆုံးရက်မှာ မိဘများကိုယ်တိုင်လိုက်ပါပို့ဆောင်လေ့ရှိပြီး သားသမီးပေါ်ချစ်မြတ်နိုးစိတ်တွေနဲ့အတူ စိတ်မချမှုတွေကြောင့် ကျောင်းအပေါက်ဝမှတဆင့် စောင့်ကြည့်မှုတွေနဲ့အတူ အနီးဆုံးနေရာတွေမှ ခိုးကြည့်နေကြတာလည်းတွေ့ရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ နှစ်စဉ်နှစ်တိုင်းတွေ့မြင်ရမှာဖြစ်ပြီး ပြည်တွင်း မိဘတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ 

ဇွန်လ ၃ရက်နေ့ မနေ့ကလည်း ပြည်တွင်းအခြေခံကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားမိဘအချို့ရဲ့ မြင်ကွင်းကတော့ ပရိသတ်တွေအမြင်ပဲဖြစ်မယ်ထင်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ကလေးငယ်တွေရဲ့ ပထမဆုံးကျောင်းတက်ရက်မှာ စိုးရိမ်စိတ်တွေနဲ့အတူ မျက်မြင်နေရာသော်လည်းကောင်း၊ မမြင်ကွယ်ရာသော်လည်းကောင်း စောင့်ကြည့်တက်တဲ့ မိဘအချို့ရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - People's Voice 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။