ရီးရဲမက်ဒရစ်အသင်းကိုပြောင်းရွေ့မယ်လို့သတင်းတွေထွက်နေတဲ့ ချယ်လ်ဆီးကစားသမားဟာဇက်ကတော့ခုမှာအပြောင်းအရွေ့ကတော့ကြာမြင့်နေတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းယူရိုပါလိဒ်ဗိုလ်လုပွဲမကစားခင်တုန်းကရီးရဲအသင်းကိုရောက်ပြီလို့သတင်းတွေထွက်ခဲ့ပေမယ့်ခုမှာတော့သတင်းတွေကငြိမ်နေခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်းဟာဇက်ရဲ့အပြောင်းအရွေ့ကိုစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကလည်းဟာဇက်ကိုအသင်းမှာပဲဆက်ရှိချင်နေတာဖြစ်ပြီးဟာဇက်ကိုယ်တိုင်ကပြောင်းရွေ့ချင်တယ်လို့ဝန်ခံထားတာဖြစ်ပါတယ်။ဟာဇက်ဟာချယ်လ်ဆီးအသင်းနဲ့တူတူယူရိုပါလိဒ်ဗိုလ်လုပွဲကိုနောက်ဆုံးကစားထားကာခြေစွမ်းပြပြီး၂ဂိုးသွင်းယူထားခဲ့တာဖြစ်ပါတယ်။အောင်ပွဲခံပွဲမှာလည်းဟာဇက်ကတော့ချယ်လ်ဆီးအသင်းသားတွေနဲ့ပျော်ရွှင်စွာကနေတဲ့ပုံရိပ်တွေကချယ်လ်ဆီးအသင်းမှာပျော်နေပြီလားဆိုပြီးသတင်းထွက်နေတာပါ။

ရီးရဲအသင်းကဟာဇက်ကိုခေါ်ယူဖို့ဆိုပေါင်သန်း၁၀၀ကျော်သုံးရမှာဖြစ်တာကြောင့်ရီးရဲအသင်းကဒီလောက်ငွေအများကြီးကိုမသုံးချင်တာဖြစ်ပါတယ်။ဒါကြောင့်ဟာဇက်ရဲ့အပြောင်းအရွေ့ဟာကြာနေတာဖြစ်ပြီးချယ်လ်ဆီးပရိသတ်တွေကတော့အပြောင်းအရွေ့မဖြစ်ဖို့ကိုဆုတောင်းနေကြတာဖြစ်ပါတယ်။ချယ်လ်ဆီးပရိသတ်တွေဆုတောင်းပြည့်မလားရီးရဲကိုရောက်သွားမလားဆိုတာကတော့ဆက်ပြီးစောင့်ကြည့်အားပေးဖို့တင်ဆက်ပေးလိုက်ရပါတယ်။

PHOTO:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။