ဆူဒန်နိုင်ငံအတွင်းမှာတော့ ဆန္ဒပြသူပြည်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားက တင်းမာမှုဟာ ပိုမိုပြင်းထန်လာနေတယ်လို့သိရပါတယ်။

ဆန္ဒပြပြည်သူတွေဟာဆိုရင်လည်း သမ္မတ အိုမာအယ်လ် ဘားရှား နှုတ်ထွက်သွားပြီးနောက် နိုင်ငံကို ဘယ်သူအုပ်ချုပ်မလဲဆိုတာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် ဘာတစ်ခုမှ ထူးမလာတာကြောင့် စစ်တပ်ဟာ ပြည်သူကို သစ္စာဖောက်တယ်လို့တောင် စွပ်စွဲပြောဆိုနေကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဆူဒန်နိုင်ငံရဲ့ အာဏာကို အသွင်ကူးပြောင်းရေး စစ်ကောင်စီက ယူထားပြီး ကြားဖြတ်ကာလ တစ်ခုလုံး အာဏာထိန်းသိမ်းထားမယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေကိုလည်း အစိုးရဖွဲ့စည်းခွင့်ကို ပေးထားပေမယ့် ဆန္ဒပြသူတွေဟာလက်မခံဘဲ လက်ရှိ အသွင်ကူးပြောင်းကာလမှာ အရပ်သားတွေပါ ပါဝင်အုပ်ချုပ်ချင်နေတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် တင်းမာမှုတွေက တနေ့တနေ့ပိုမိုပြင်းထန်လာနေသလို မနေ့က ဇွန်လ ၃ ရက်နေ့ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြို့တော် ခါတွန်မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတခုကို ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။

ဒီစီးနင်းမှုအတွင်းမှာဆိုရင်လည်း လူ ကိုးယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Source - Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။