ပြည်တွင်း လမ်းပမ်းဆက်သွယ်ရေးကဏ္ဍတွေထဲမှာ အဓိကအရေးပါလျှက်ရှိတဲ့ လမ်းတံတားပြုပြင်မှုနဲ့ ဆောက်လုပ်မှုတွေကတော့ နေ့စဉ်တွေ့မြင်နေရဆဲဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် တောင်တွင်းကြီး-မြို့သစ် နတ်မောက် ကားလမ်းပေါ် ရှိ ရွှေပန်းပင်ချောင်းတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့(၃) မှ မေ(၃၀) ရက်နေ့က တည်ဆောက်ပြီးစီးခဲ့ပြီး တံတားချဉ်းကပ်လမ်းအား မြို့သစ်မြို့နယ် လမ်းဦးစီးဌာနမှ ဆက်လက်လုပ်ဆောင် နေကြောင်း သိရပါတယ်။  

"ဒီရွှေပန်းပင် ချောင်းတံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်တာဖြစ်ပြီး သံကူကွန်ကရစ် အမျိုးအစားတံတားဖြစ်ကြောင်း အရှည်ပေ (၁၈၀)၊ ကားလမ်းအကျယ်(၂၄)ပေ လူသွားလမ်း အကျယ် တစ်ဖက်(၃)ပေဖြင့် တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။ တံတား၏ ချဉ်းကပ်လမ်းကို မြို့သစ်မြို့နယ် လမ်းဦးစီး ဌာနမှ ဇွန်လ(၁) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး တံတား၏ အရှည်ပေ(၁၈၀) ၏ မြို့သစ် ဘက်ပေ (၃၅၀)တံတား၏ နတ်မောက်ဘက် အရှည်ပေ(၄၀၀)ပေ၊ အကျယ်(၂၄)ပေရှိ ကတ္တရာလမ်းကို ဆက်လက်လုပ်ဆောင်နေရာ ချဉ်းကပ်လမ်းပြီးစီးပါက ယာဉ်နှင့် ကုန်တန်ချိန် (၆၀)ရှိ ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပြီး ဇွန်(၁၀)ရက်နေ့တွင် ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း" မြို့သစ် မြို့နယ် လမ်းဦးစီးဌာန အင်ဂျင်နီယာ (SAE) ဦးငြိမ်းချမ်းမှ ပြောပြခဲ့ပါတယ်။ 

အဆိုပါ ရွှေပန်းပင်ချောင်းတံတားကို တာဝန်ယူတည်ဆောက်ခြင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားအထူး အဖွဲ့(၃) ပခုက္ကူမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ တံတား၏ ချဉ်းကပ်လမ်းအားမြို့သစ်မြို့နယ် လမ်းဦးစီးဌာနမှ ဆက်လက် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။