နျူကလီးယားစွမ်းအား (Nuclear power) ဆိုတာ စွမ်းအင်တစ်ခုဖြစ်ပြီး နျူကလီးယားဓာတ်ပြုမှုများ (ဥပမာ –ပေါက်ကွဲမှု မရှိသော) ထိန်းချုပ်ထားရာမှ ထုတ်ယူရရှိတဲ့ စွမ်းအင်တစ်ခုပဲ ဖြစ်ပါတယ်။ လျှပ်စစ်သုံးစွဲမှုအတွက် ဓာတ်ပေါင်း ဖိုများဟာ ရေကို အပူပေးပြီး ထွက်ရှိလာသည့်ရေနွေးငွေ့ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုကြပါတယ်။ ၂၀၀၉ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း သော ကမ္ဘာကြီး၏ သုံးစွဲနေသည့်လျှပ်စစ်ဓာတ်အားသည် နျူကလီးယားစွမ်းအင်ကနေ အသုံးပြုလာရတာပဲ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ၁၅၀ ထက်များသော နျူကလီးယားတွန်းအား သုံးစစ်ရေယာဉ်များ ကို နျူကလီးယား ပါဝါသုံး ၍ တည်ဆောက်ခဲ့ပြီး ကြတာပဲ ဖြစ်ပါတယ်။

နျူကလီးယား ဓာတ်ပြု ပေါင်းစပ်မှု များဟာ နျူကလီးယား ပြိုကွဲခြင်းထက် ပိုမိုလုံခြုံစိတ်ချရပြီး၊ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်းများ ထုတ်လွှတ်မှုနည်းပါးလှပါတယ်။ ဒီလို ဓာတ်ပြုမှုများဟာ အဆင်ပြေချောမွေ့နိုင်တယ်လို့ ထင်ရသော်လည်း နည်းပညာအားဖြင့် အတော်အတန်အခက်အခဲရှိပြီး လည်ပတ်နိုင်လောက်တဲ့ စက်ရုံသုံးဓာတ်အား အဆင့်ထိ ဖန်တီးထုတ်လုပ်နိုင်ပါတယ်။ ၁၉၅၀ ခုနှစ် များမှ စပြီး ယခုချိန်တိုင်နျူကလီးယားဓာတ်ပြုပေါင်းစပ်မှုစွမ်းအားကို စာတွေ့နှင့် လက်တွေ့အားဖြင့် ပြင်းပြင်းထန်ထန်စူးစမ်းရှာဖွေခဲ့ကြပါတယ်။

၂၀၀၅ ခုနှစ်တွင်ကမ္ဘာ့စွမ်းအင်များ၏ ၆.၃ ရာခိုင်နှုန်း နှင့် ကမ္ဘာ့လျှပ်စစ်ဓာတ်အား၏ ၁၅ ရာခိုင်နှုန်း တို့ကို နျူကလီးယား စွမ်းအင် မှ ထုတ်လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ အမေရိကန်၊ ပြင်သစ် နှင့် ဂျပန်နိုငငံတွေဟာဆိုရင် တစ်ကမ္ဘာလုံးနျူကလီးယားစွမ်းအင်ဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၏၅၆.၅ရာခိုင်နှုန်းကိုထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ။၂၀၀၇ခုနှစ်တွင်ကမ္ဘာကြီးတစ်ခုလုံးရှိနိုင်ငံပေါင်း၃၁နိုင်ငံတွင်နျူကလီးယားစွမ်းအင် ဓာတ်ပေါင်းဖို ၄၃၉ လုံး စက်လည်ပတ်နေသည်ဟု နိုင်ငံတကာအနုမြူ စွမ်းအင် အေဂျင်စီ (IAEA) မှ အစီရင်ခံထားတယ်လို့ သိရပါတယ်။

sOURCE : Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။