အနောက်နိုင်ငံအချို့မှာတော့ crop top လေးတွေကို အမျိုးသမီးလေးတွေသာ ဝတ်ဆင်တာမဟုတ်တော့ဘဲ အမျိုးသားတွေလည်း ဝတ်ဆင်လာကြတာတွေ့ရပါတယ်။

အမျိုးသားတွေနဲ့ crop top ဟာ အရမ်းအမြင်ဆိုးရွားစေတဲ့ပုံစံမျိုးမဟုတ်ပေမယ့် လူကြားထဲရောက်သွားရင်တော့ crop top ဝတ်ထားတဲ့အမျိုးသားဟာ အခြားသောသူတွေကြားမှာ အနည်းငယ်ထင်ပေါ်ကောင်းပေါ်နေနိုင်ပါတယ်။

အာရှနိုင်ငံတွေမှာတော့ အမျိုးသားတွေ crop top ဝတ်ဆင်တာဟာ အရမ်းကိုတွေ့ရခဲသလို မြန်မာနိုင်ငံအတွင်းမှာလည်း ယောကျာ်းလေးတွေ crop top ဝတ်ဆင်တာဟာ မတွေ့ရသလောက်ကို ရှားပါးလှပါတယ်။

သို့ပေမယ့် အနောက်နိုင်ငံတွေက အမျိုးသားတွေဆီမှာတော့ crop top ဖက်ရှင်ဟာ ပေါ့ပါးလွတ်လပ်လှတာကြောင့် ရေပန်းစားနေတာတွေ့ရပါတယ်။

သူတို့ရဲ့ခန္ဓာကိုယ်အနေအထား ပတ်ဝန်းကျင်အရတော့ သူတို့ crop top ဝတ်ဆင်ထားတာဟာ လိုက်ဖက်မှုရှိလှသလို ခန္ဓာကိုယ်အလှကို ပိုမိုပြသနိုင်တာကြောင့် ရွေးချယ်ဝတ်ဆင်သူတွေများစွာရှိနေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် မိန်းကလေးတော်တော်များများကြားမှာဆိုရင်လည်း crop top ဝတ်ဆင်ထားတဲ့ အမျိုးသားတွေရဲ့ ပုံရိပ်တွေဟာ ရေပန်းစားနေတာတွေ့ရသလို sexy ကျတယ် စတိုက်မိုက်တယ်ဆိုပြီး ကြွေနေကြတာပဲဖြစ်ပါတယ်။

ပရိသတ်တွေရော crop top လေးတွေဝတ်ဆင်ပြီး ကြွေချင်စရာကောင်းလောက်အောင် စတိုင်ကျနေတဲ့ ကိုလူချောလေးတွေကို ကြွေသွားကြပြီလား။

ဒါမှမဟုတ် ကိုယ့်ချစ်သူကောင်လေးဖြစ်ဖြစ် သူငယ်ချင်းကောင်လေးတွေကိုပဲဖြစ်ဖြစ် ဒီဖက်ရှင်လေးကို ဝတ်မကြည့်ခိုင်းစေချင်ဘူးလား။

Photo - GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။