ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေဟာဆိုရင် အမြဲတမ်းလိုလို ခေတ်မှီဖွင့်ဖြိုးတိုးတက်စေဖို့အတွက် တီထွင်ဖန်တီးလေ့ရှိပါတယ်။ အဲ့လိုတီထွင်ရာမှာ တခါတလေ အသုံးဝင်သွားတာရှိသလို လွယ်ချော်သွားတာတွေလဲရှိပါတယ်။ တီထွင်မှုတွေက အရမ်းကို ဆန်းကြယ်ပြီး စဉ်းစားတွေးခေါ်မှုတွေက ပုံမှန်ထက်ပိုမိုထူးကဲလာတဲ့အတွက် ခုလိုပဲ လွဲချော်သွားတာပဲဖြစ်ပါတယ်။ ဘယ်လိုလွဲချော်မှုတွေလဲဆိုတာကို အောက်မှာ ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Mars ဆိုတဲ့သေနတ်တစ်လက်အမျိုးအစားဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပေါ်ထွက်လာတာဖြစ်ပြီး Pistol အမျိုးအစားဖြစ်ပါတယ်။ အဲ့သေနတ်ရဲ့ထူးခြားချက်ကတော့ ပစ်တဲ့သူမျက်နှာကိုတည့်တည့်ပြန်ထိစေတာပါပဲ။ ဒုတ်ယကမ္ဘာစစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ FP45 ဆိုတဲ့သေနတ်ဟာ စပိုင်တွေ သူလျှိုးတွေအတွက် ပြုလုပ်ထားခဲ့တာြစ်ပါတယ်။ သေနတ်ဟာဆို အရမ်းကိုသေးကာ ထူးခြားချက်ကတော့ ၂၅ပေသာ ပစ်လို့ရကာ တစ်ချက်ပဲပစ်လို့ရပါတယ်။ ပြောချင်တာကတော့ အဲံအကွာအဝေးအတွင်းဘယ်သူ့ကိုမှ ပစ်လို့မရပါဘူး...ပစ်ချင်ရင် သေနတ်နဲ့ပေါက်မှရပါတယ်။ 

၁၈၈၀ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Apache Pistol မျိုးဟာဆိုရင် ပုံမှာတွေ့တဲ့အတိုင်းပါပဲ...သေနတ်ရော ဓါးရော သံလက်သီးပါ အကုန်ပါဝင်နေပါတယ်။ အဲ့အမျိုးအစားက အနီးကပ်တိုက်ခိုက်ဖို့အတွက် ထုတ်လုပ်ထားတာဆိုပေမဲ့ ပါဝင်တဲ့ ဓားက လက်ကိုပြန်ထိနေတဲ့အတွက် အသုံးမဝင်ခဲ့ပါဘူး။ Krummlauf ဆိုတဲ့သေနတ်ဟာဆိုရင် ရှည်လျားတဲ့ သေနတ်ပြောင်းပါပေမဲ့ ပုံမှာတွေ့တဲ့အတိုင်း ကွေးနေပါတယ်။ ဘာလို့ကွေးထားလဲဆိုရင် ထောင့်နားက ရန်သူကို ပစ်သတ်ဖို့ပဲဖြစ်ပါတယ်.... တကယ်ကြီးလား....။

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။