မနေ့က ဇွန်လ ၃ ရက်နေ့မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကေ နိုင်ငံကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။

သူရောက်ရှိခဲ့တာကတော့ မနက်ပိုင်းအချိန်လောက်ဖြစ်ပြီး သူနဲ့အတူ ဇနီးသည် မယ်လီနီယာထရမ့်ပါ လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

ထရမ့်ကတော့ ယူကေကို သမ္မတပိုင် Air Force One လေယာဉ်နဲ့လာရောက်ခဲ့တာဖြစ်သလို ရောက်ရှိပြီးချိန်မှာတော့ သူတည်းခိုမယ့် လန်ဒန်မြို့က အမေရကန်သံအမတ် နေအိမ်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ထရမ့်ဟာ ယခင် ၂၀၁၈ ခုနှစ်တုန်းကလည်း ယူကေကိုလာရောက်ခဲ့ဖူးပေမယ့် အခုခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံတော်ခရီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုလိုလာရောက်တဲ့ ထရမ့်တို့ဇနီးမောင်နှံကိုလည်း ယူကေဘုရင်မကြီး နဲ့အတူ ချားလ်စ်မင်းသားနဲ့ ကြင်ယာတော်တို့က ဘက်ကင်ဟမ်နန်းတော်ဥယျာဉ်မှာ ဧည့်ခံကြိုဆိုခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ စီစဉ်ထားတဲ့အတိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ဇနီးသည်တို့ကို ဧည့်ခံပွဲအမျိုးမျိုးနဲ့ ကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။

Source –New York Times 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။