ကမ္ဘာ့နိုင်ငံတွေမှာသာမက ပြည်တွင်း အားကစားမှာလည်း အရေးပေးဆော့ကစားလေ့ရှိတဲ့ ဘောလုံးအားကစားနည်းကို ပရိသတ်တွေလည်းကြိုက်မယ်ထင်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၉ ခုနှစ် တတိယအကြိမ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မနေ့က ညနေ(၃)နာရီတွင် ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ 

ဘောလုံးပြိုင်ပွဲတွင် လျှပ်စစ်/စက်မှု /ပအိုဝ်းအသင်း၊ စိုက်/မွေး/ ဆည်အသင်း၊ လူမှုရေးဌာန အသင်း၊ ထွေ/အုပ် ဘောလုံးအသင်း၊ တရားလွှတ်တော်အသင်း၊ လုံ/နယ်ဌာနအသင်း၊ ဗမာ/မွန်ဌာနအသင်း၊ သဘာဝပတ်ဝန်းကျင်ဌာနအသင်း၊ စီမံ/ ဘဏ္ဍာ/စည်ပင်ဌာနအသင်း စုစုပေါင်း အသင်(၉) သင်းသည် အုပ်စုပတ်လည် ပွဲစဉ်များဖြင့် ယှဉ်ပြိုင်ကစားကြ ပြီးနောက် ဗိုလ်လုပွဲစဉ်တွင် လူမှုရေးဌာနအသင်းနှင့် စီမံ/ ဘဏ္ဍာ/ စည်ပင်ဌာန အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ လူမှုရေးဌာန အသင်းက (၅)ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်တို့က ပထမနှင့် ဒုတိယ ဆုရရှိအသင်းတို့အား ဆုကလပ်နှင့် ငွေသားဆုများကို ချီးမြှင့်ခဲ့ပါတယ်။  

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးစောစံလင်းက တတိယဆုရ စိုက်/မွေး/ ဆည်ဌာနအသင်းအား ဆုကလပ် နှင့် ငွေသားဆုများကို လည်းကောင်း၊ ပြည်နယ် ဝန်ကြီးများက ပွဲစဉ်တစ်လျှောက် အသက်(၄၀)နှစ် အထက်နှင့် အောက်တို့တွင် အကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်း/ အလယ်တန်း/ နောက်တန်း အကောင်းဆုံး အားကစားသမားဆုများ၊ ဂိုးသမားဆုများကိုလည်းရွေးချယ်ပေးခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံး အသင်းဆုနှင့် တစ်ဦး ချင်းလည်ဆွဲဆုများကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြ ကြောင်းသိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။