ပရိသတ်ကြီးကို အခုတစ်ခေါက်မှာဖော်ပြပေးချင်တာကတော့ ၆ဒေါ်လာတန်တဲ့ Chess ခုံကနေ ဒေါ်လာသန်းချီတန်ကြေးရှိသွားတဲ့ ချက်ခုံ အဖြစ် ပြောင်းလဲသွားတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီchess ခုံလေးကို စကော့တလန် အမျိုးသားတစ်ယောက်ဟာ လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်က ၆ဒေါ်လာနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အခုလေလံပွဲမှာ ပြန်ရောင်းလိုက်တဲ့အခါ ဒေါ်လာ ၁.၃ သန်းနဲ့ ရောင်းထွက်သွားတာပဲ ဖြစ်ပါတယ်။

လေလံပွဲကျင်းပသူရဲ့ စကားအရ ဒီအရုပ်လေးတွေကို ဆင်စွယ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး လက်ရာကတော့ ၁၂ရာစုနှစ်က လက်ရာမျိုး ဖြစ်ကာ ယနေ့ခေတ်မှာ တွေ့မြင်ဖို့ အလွန်ရှားပါးသွားတဲ့ လက်ရာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထုလုပ်ထားတဲ့ နယ်ရုပ်တွေအပြင် စစ်သူကြီးရုပ်တွေကပါ အကုန်တူညီနေတာကိုလည်း တွေ့ရပါသေးတယ်။ ဒီ chesss ခုံကို မူလဝယ်ယူထားတဲ့အမျိုးသားကနေတဆင့် သူကရဲ့ သမီးဖြစ်သူက အမွေရရှိခဲ့တာဖြစ်ပါတယ်။

ဒီ chess ခုံလေးကို နှစ်ပေါင်းများစွာ အံဆွဲထဲ ထည့်ထားရင်း အိမ်ရှင်းတဲ့အခါမှ ပြန်လည် ရှာတွေ့ခဲ့တာ ဖြစ်တာကြောင့် အခုလို လေလံပွဲမှာ ရောင်းချခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီchess ခုံလေးကိုတော့ အမည်မဖော်ပြလိုတဲ့ ဝါသနာ၇ှင်တစ်ဦးက ဝယ်ယူသွားတာ ဖြစ်ပြီး ဂျူလိုင် ၂ရက်နေ့မှာ ငွေသား ၁.၃သန်းကို အကျေပေးချေကာ ပိုင်ရှင်သစ်က လက်ပြောင်းလွှဲယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။