"အချစ်ဟာလူတွေကိုရူးသွပ်စေတဲ့အရာပါ"....။ အဲ့လိုမဟုတ်သေးပါဖူး အချစ်ကဒီထက်ပိုပါသေးတယ်....။ တစ်စုံတစ်ယောက်က အရမ်းချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ပြီဆိုလျှင်...၊ သူတို့ဟာ "သေတွင်းထဲကိုခုံဆင်းသွားသလိုပါပဲ..." မအိပ်နိုင်မစားနိုင်၊ မကယ်နိုင်မရှူနိုင်နဲ့ စိတ်ဓာတ်တွဲပါဟိုးအောက်ကို ထိုးဆင်းသွားသလိုမျိုး ဖြစ်ကြပါလိမ့်မယ်....၊ ဒါမှမဟုတ် အခုလက်ရှိရောက်နေတဲ့ နေရာထက်ပိုမြင့်တဲ့ နေရာမျိုး ရောက်သွားကြတဲ့ သူတွေ၊ ဘဝမှာ ဘယ်တုန်းအခါမှ မျှော်လင့်မထားတဲ့အရာတွေ ဖြစ်လာတဲ့သူတွေလည်း လောကမှာအများကြီး ရှိနေပါသေးတယ်...။ ဒါကိုသက်သေပြသွားတဲ့သူကတော့ မိန်းမထားသွားခြင်းခံရတဲ့ လူလတ်ပိုင်းအရွယ် ဂျပန်အမျိုးသားတစ်ဦးပင်ဖြစ်ပါတယ်...။ အနည်းငယ်အမျှ လူနေမှုပုံစံကို ကောင်းတဲ့ဘက်ကနေတွေးပြီး ချိန်းလိုက်ရုံဖြင့်...၊ မယုံကြည်နိုင်ဖွယ် အောင်မြင်မှုမျိုးကို တိုတောင်းတဲ့ကာလအတွင်းမှာပဲ လုပ်ပြသွားနိုင်ခဲ့ပါတယ်...။

ရင့်ကျက်မှုအားနည်းသေးတဲ့ နှစ်တွေမှာ Twitter အသုံးပြုသူ "Shirapyon" ဆိုသူက ပျော်ရွှင်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ပါတယ်...။ သိပ်မကြာခင်မှာပဲ ချစ်ရတဲ့သူနဲ့အတူ လက်ထက်လိုက်ပြီး အချိန်အနည်းငယ်ကြာလာတာနဲ့အမျှ ပျော်ရွှင်မှုတွေဟာ ရုတ်လျော့လာပါတော့တယ်...။ ကံမကောင်းစွာပဲ လမ်းခွဲတဲ့အထိကိုဖြစ်ခဲ့ပါတယ်...။ တစ်နေ့ကျတော့ "Shirapyon" က ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပါတယ်...။ "ငါဟာ ထိပ်ပြောင်လို့လား..၊ ခပ်ဝဝတုတ်တုတ်နဲ့ ရင့်မကျက်သေးတဲ့ ကောင်မလို့ မိန်းမဖြစ်သူကထားသွားခဲ့တာလား...." အတွေးပေါင်းသောင်းခြောင်းထောင်နဲ့ အရက်ဆိုင်ရဲ့ ထိုင်ခုံတွေ ပေါ်မှာပဲ စိတ်ဓာတ်တွေကျနေမိခဲ့ပါတယ်...။ နောက်ဆုံးမှာတော့ ခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ "ငါ့ဘဝမှာ ဘာဆက်လုပ်သင့်လည်း...၊ ဘာဆက်လုပ်ရမလည်းဆိုတာကို" သေချာစွာ ဆုံးဖြတ်ခဲ့ပြီး ကာယဗလမောင် ဖြစ်အောင် အကောင်အထည်ဖော်ခဲ့သူကတော့ "Shirapyon" ဆိုသူပဲဖြစ်ပါတယ်....။

"လမ်းခွဲပြီးငါးနှစ်အကြာမှာ၊ အရက်အချို့ကိုတော့ ငါသောက်ခဲ့ပါသေးတယ်...၊ ဒါပေမယ့် ငါခဏလေးအတွင်းမှာပဲ ရုတ်တရက်နဲ့ ငယ်ဘဝအချိန်ကို ပြန်လည်တမ်းတမိသွားတယ်...၊ ချက်ချင်းဘဲ ငါခေါင်းထဲဝင်လာတယ်....အခုလိုသောက်နေမယ်ဆို ကာယဗလမောင် ပြိုင်ပွဲထဲဝင်ပြိုင်ဖို့အတွက် အဟန့်အတား တစ်ခုလို ဖြစ်သွားမှာပါလားဆိုပြီး..." အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်...။ "ငါ့ကိုယ်ပိုင် style နဲ့ ဝိတ် 12 kilograms ချနိုင်ရန်၊ diet တွေလုပ်ပြီး gym တွေကိုပြင်းထန်စွာ ဆော့ကစားခဲ့ပါတယ်....၊ ပထမဦးဆုံး ပြိုင်ပွဲမှာတော့ ဆုမရခဲ့ဖူး....။ ဒါပေမယ့် အခုလိုပြောင်းလဲသွားတာကို ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပြီး ယှည်ပြိုင်လာခဲ့တဲ့ သက်တမ်းကတော့ လေးနှစ်ကျော်ရှိပါပြီလို့"ရှင်းပြခဲ့ပါတယ်....။ လူနေမှုပုံစံကို ချိန်းလိုက်တဲ့အတွက်ကြောင့် ပျော်ရွှင်စရာ ဇာတ်လမ်းလေးဟာဆိုရင်လည်း တစ်ဖန် ရှင်သန်လာပါတယ်...။ "Bikini fitness" မော်ဒယ်လ်လေးနဲ့ ချစ်ကြွမ်းဝင်ပြီး ဘဝခရီးလမ်းကို သာယာစွာ ဖြတ်သန်းနေပါပြီ....။ "ငါဟာ ငါ့ခန္ဓာကိုယ်ကိုပြောင်းလဲလိုက်တာနဲ့...၊ ငါ့ရဲ့ ကံကြမ္မာဟာလည်း လိုက်ပြီးပြောင်းလဲခဲ့ပါတယ်...၊ ဒါဟာ ကျနော်ပြောချင်တဲ့ ရည်ရွယ်ချက်က ကာယဗလမောင် လုပ်မှ မဟုတ်ပါဖူး...။ ရေကူးတာ၊ မာရသွန်ပြေးတာ၊ ကြိုက်တဲ့အားကစားကိုလုပ်ပါ...၊ နှစ်သက်ရာ တစ်ခုထဲမှာ စီးဝင်နစ်မျောပြီး ဇွဲရှိရှိနဲ့လုပ်ပါ...၊ ဒါဟာ သင့်ဘဝပြောင်းလဲမှုအတွက် လက်မှတ်တစ်စောင်ပါပဲ...၊" ကျနော်ထက်ပြီး ကြိုးစားနေဦးမှာပါ...၊ ဘယ်သူ့အတွက်မှာတော့မဟုတ်ပါဖူး..." ဆိုပြီး သတင်းမီဒီယာများတွင်ဖြေကြားခဲ့ပါတယ်...။ "Shirapyon" ကမော်ဒယ်လ်လည်း လုပ်နေပြီး၊ စီးပွားဖြစ်သရုပ်ဆောင်မှုတွေလည်း လုပ်ကိုင်နေပါတယ်...။ "cosplay" နှစ်သက်တဲ့ "Shirapyon" ဟာဆိုရင် "Dragon Ball Z" ထဲက anime ဇာတ်ကောင် "Tien Shinhan" နဲ့လည်းလူသိများ ကျော်ကြားပါတယ်...။

Source Life Buzz 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။