လက်ရှိ အာရှနိုင်ငံတွေမှာသာမက ကမ္ဘာ့နိုင်ငံအများအပြားမှာပါ လေးစားအားကျနေရတဲ့ မြန်မာ့ရိုးရာခြင်းခတ်ပညာကိုတော့ ပရိသတ်တွေလည်း လေးစားမိမယ်ထင်ပါတယ်။ သမိုင်းတလျောက်ခြင်းပညာရှင်များစွာပေါ်ထွန်းခဲ့ပြီး လက်ရှိ အာရှ Sea game တွေမှာလည်း ပါဝင်ဆော့ကစားလာကြတာတွေ့ရပါတယ်။ အဆိုပါ မြန်မာ့ရိုးရာခြင်းပညာကို ပြည်တွင်းပညာရှင်ကြီးတွေက ပြည်ပသို့ သွားရောက်လေ့ကျင့်သင်ကြားပေးလျှက်ရှိပြီး ကမ္ဘာအနှံ့ပြန့်နှံ့နိုင်ရန် ရည်ရွယ်လုပ်ဆောင်လျှက်ရှိကြောင်း သိရပါတယ်။  

မြန်မာ့ရိုးရာခြင်းပညာကို မြန်မာပြည်အနှံ့အပြားမှာဆော့ကစားလေ့ရှိပြီး Sea game ရွှေတံဆိပ်ဆုများစွာကိုလည်း ရယူပေးနိုင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ခြင်းပညာရှင်တွေထဲမှာ Sea game ရွှေတံဆိပ်ဆုရှင် ကိုမျိုးဇော်ဦးရဲ့ ခြင်းပညာပြသမှုဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ တကိုယ်တော်လုပ်ဆောင်မှုတွေနဲ့အတူ အဖွဲ့လိုက်ဆော့ကစားမှုတွေလည်းပါဝင်နေတာတွေ့ရပါတယ်။ မဟာနွယ်အတော့ နဲ့ အတင်းအဖမ်းအညှပ်တွေကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး လေးစားလောက်အောင် ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာ့ခြင်းပညာစိတ်ဝင်စားသူတွေအတွက် Sea game ရွှေတံဆိပ်ဆုရှင်ကိုမျိုးဇော်ဦးရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

vide0 - Myanmar Traditional Chin Lone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။