ဆီဗီလာ၊ ရီးရဲမက်ဒရစ်ကြယ်ပွင့်ဟောင်း ဖြစ်သလို အာဆင်နယ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ခဲ့ဖူးတဲ့ စပိန်တိုက်စစ်မှူး ရေးယက်စ်ဟာ မကြာခင်ရက်ပိုင်းအတွင်းက ယာဉ်တိုက်မှုတစ်ခုကြောင့် အသက်ဆုံးရှုံးသွားရပြီဖြစ်ပါတယ်။ ရေးယက်စ်ဟာ ဆီဗီးလ်မြို့ပြင်က ယူထရီရာမှာ ယာဉ်တိုက်မှုဖြစ်ကာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၃၅)နှစ်အရွယ်ပဲရှိပါသေးတယ်။

ဆီဗီလာအသင်းရဲ့ ထုတ်ပြန်ချက်မှာ"ကျွန်တော်တို့ရဲ့ချစ်လှစွာသော ရေးယက်စ်ဟာ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားရှာပါပြီ။ ငြိမ်းချမ်းရာမှာအနားယူပါတော့"လို့ ဖော်ပြခဲ့ပါတယ်. စပိန်ဘောလုံးအဖွဲ့ချုပ်ကလဲ သူတို့ရဲ့လက်ရွေးစင်ကစားသမားဟောင်းရေးယက်စ်ကို စပိန်ဘောလုံးအဖွဲ့ရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။ 

ရီးရဲအသင်းကတော့ သူတို့ရဲ့ ကြယ်ပွင့်ဟောင်းကွယ်လွန်သွားမှုကို လစ်လျူမရှုထားခဲ့ဘဲရေးယက်စ်ရဲ့ သားကို အသက်၁၈နှစ်ပြည့်တဲ့ အထိ စောင့်ရှောက်ပေးမယ့် ရီးရဲအသင်းဥက္ကဌပီရက်က မီဒီယာတွေရှေ့မှာ အတိအလင်းကြေငြာခဲ့ပါတယ်။ စပိန်တိုက်စစ်မှူး ရေးယက်စ်အနေကို ဘောလုံးပရိသတ်တွေ ထာဝရသတိရနေမှာပဲဖြစ်ပါတယ်။

source; daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။